နိဒါန်း

sumonthwe(34)
Published in
#msu
Words
53
Reading
1 min
Listen
Play
8y

image
လှိုင်းတွေပိတဲ့ဘဝမှာ
ထိုးလာတဲ့လက်ညှိုးတွေကိုလည်း
ကောက်ရိုးအဖြစ်နဲ့ ခိုတွယ်ခဲ့ဖူးတယ်
ဒါဟာ အားအနည်းဆုံးကျနော့်ရဲ့ချို့ယွင်းချက်ပဲ။
လေလွင့်တဲ့ခနမှာ
လှောင်သံတွေကိုလည်း
အားပေးတဲ့လက်ခုပ်သံတွေထင်လို့
ဝမ်းနည်းဝမ်းသာ ပျော်ဝင်ခဲ့ဖူးတယ်
ဒါဟာ အမိုက်မဲဆုံးကျနော့်ရဲ့ ပျော့ကွက်ပဲ။
သံယောစဉ်ကို အံစာခေါက်လိုက်တော့
ချစ်ခြင်းတွေမုန်းခြင်းတွေ ပြန့်ကျဲဖွာလန်
အပြာဆန်တဲ့မနက်ဖြန်တွေကို တွေ့ရတယ်
မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုး
အမျိုးမျိုးအလှည့်လှည့်မှာ
ကျနော့်အပြုံးတွေ မဲ့မဲ့လာတယ်
ဒါဟာ ရင်အနာဆုံး ကျနော့်ရဲ့ပြဇာတ်ပဲ။
စာနာတတ်ခဲ့မှုဆိုတာတွေကိုပြန်တွေးတော့
နတ်ဖွက်တဲ့ပန်းလို
တချို့တလေ မွှေးမြကြပြီး
တချို့ကဟောင်ဆော်နံတယ်
အလိုအလျှောက်တုံ့ပြန်မှုနိယာမအတိုင်း
တချို့စိုက်ခင်းတွေသေကုန်တယ်
တချို့အသီးတွေချိုမြိန်တယ်
ဒါဟာ အကျေနပ်ရဆုံး ကျနော့်ရဲ့ပျော်ရွှင်မှုပဲ။
အပေးအယူမမျှရုံနဲ့တော့ ကျနော်တို့မဝေးချင်ခဲ့ဘူး
ဒါပေမယ့်
ဖြစ်တည်ရှင်သန်လာတဲ့အနေအထားအရ
ကျနော်ထားခဲ့ပါရစေတော့
ကျနော်တို့ ဆက်ဝေးကြပါစေတော့
ဝေးခြင်းဟာလွမ်းခြင်းကိုအားကောင်းစေလို့
ကျနော်တို့ ထာဝရလွမ်းကြပါရစေတော့ ။

#စုမွန်သွယ်
msu 057

နိဒါန်း | Ecency