ကိုယ်တို့အကြောင်း

sumonthwe(34)
Published in
#msu
Words
88
Reading
1 min
Listen
Play
8y

သူနဲ့ကိုယ်ချစ်သူဘဝတုန်းက ဆန့်ကျင်ကန့်ကွက်နေတဲ့အသိုင်းအဝိုင်းတွေကြားမှာ ကိုယ်ဟာ အချစ်သူရဲကောင်းလေးဖြစ်ခဲ့ဖူးပါတယ်။ အလဲ့လဲ့ :P :P ဒီကဗျာကတော့ အပေါ်မှာရော အလယ်မှာရော အများကြီးရှိသေးတယ်။ သူနဲ့ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့ အကြောင်းအရာလေးကို ရွေးပြီးသီးသန့်တင်တာ။ ဒီနေ့ဟာ အမှတ်တရနေ့တွေအများကြီးထဲက တရက်ဖြစ်တယ်ဆိုတော့ ဒီကဗျာလေးကလည်း အမှတ်တရလေးပါပဲ ။ ကိုယ့်စွန့်စားခဲ့မှုတွေအတွက် သူပျော်ပါစေ။ အာဟိ _ _
………
…………
……………

  • ရင်ခုန်အောင်ပြုံးတတ်တာမဟုတ်ဘူး
    ပြုံးတိုင်းရင်ခုန်နေကြတော့ ခက်တယ်!
    တဟူးးဟူးး တဟင်းးဟင်းး
    သက်ပြင်းတွေလည်း အိုဟောင်းခဲ့ပြီ။
    ပုရိသသံစဉ်ကို
    ကျွမ်းကျွမ်းကျင်ကျင်မတီးချင်တော့ဘူး
    လက်အံသေပြီး အသားမာတက်တော့
    အမေကဒဏ်ရာအထပ်ထပ်ဖြစ်ပြီးငိုတယ်
    မချစ်ချင်သူကိုမချစ်ရင်
    မချစ်သင့်သူကိုလည်းမချစ်နဲ့တဲ့။
    အချစ်စစ်ပွဲမှာသမီးရှုံးရင်
    အမေပြုံးပြီးကြိုနိုင်ပါ့မလား။
    သေမထူးနေမထူးမဟုတ်ဘူး
    အချစ်နဲ့နေရင်း ထူးအောင်လုပ်ပြမယ်
    စံပြမိသားစုလေးပေါ့ကွယ်
    ကိုကိုယုံတယ်မဟုတ်လား
    ကျီးလန့်စာတော့စားရမယ်
    အမိုးအကာလုံရင်တော့ မပူရဘူးပေါ့ကိုကို။
    သုညတွေရဲ့ရှေ့မှာ
    ကိုကိုနဲ့အတူတူရပ်
    အခက်အခဲတွေတိုက်ထုတ်မယ်
    စိတ်ကူးထဲမှာ တလည်လည်ဆိုတော့
    အမေကခပ်ပေါ့ပေါ့လေးရယ်ပစ်တယ်
    အမေ့သမီးလေးရူးလိမ့်မယ်တဲ့။
    ………
    …………

  • အမေရေ
    နှလုံးသားမှာမျက်ရည်နဲ့တော့
    သမီးမပြုံးပါရစေနဲ့။
    သံပုရာသီးတိုင်းချဉ်တတ်ပေမယ့်
    အမောပြေအောင်
    သကြားလေးထည့်သောက်တတ်ရတယ်လို့ပြောရင်
    လူမိုက်ရဲ့ဆင်ခြေမို့
    ပြင်ပေးမနေတော့ဘူးလို့ ဆူမှာလားအမေ။
    ဘဝကကြမ်းရှတော့
    နွမ်းလျမသွားအောင်
    ပန်းလှလှလေးတွေစိုက်မှာပေါ့အမေရယ်…
    ကောင်းကင်နဲ့မြေကြီးကြား
    ကြိုးယှက်သွယ်တန်း
    မိုးပန်းကလေးတွေရွာစေမှာပေါ့အမေရယ်…
    အချစ်နဲ့ဘဝတည်တာတော့မဟုတ်ဘူး။
    ဘဝကိုအချစ်နဲ့အလှဆင်မယ်
    ခန်းနားအတိမငြီး
    အောင်မြင်ခြင်းနဲ့ ပကတိပြီးနေစေရမယ်…
    သာယာခြင်းနဲ့ ပကတိပြီးနေစေရမယ်…
    စံပြမိသားစုလးပေါ့ကွယ်
    ကိုကိုယုံတယ်မဟုတ်လား ။

    စုမွန်သွယ် image