ကံမပါတဲ့အကျီ င်္

sumonthwe(34)
Published in
#msu
Words
508
Reading
3 min
Listen
Play
8y

အင်းးးးး ပြောရရင်တော့ ဒီဇိုင်နာကောင်းမှုပဲ။ ဒုက္ခတွေများတာဆိုတာ။ ကိုယ့်မှာ အပေါင်းအသင်းမိတ်ဆွေသင်္ဂဟရယ်ဆိုတာက လက်ချိုးရေတောင် ဆယ်ချောင်းမပြည့်ဘူး။ အဲ့လိုဆယ်ချောင်းမပြည့်တဲ့လူတွေထဲမှာမှ ကိုယ့်ကိုအမြတ်တနိုးနဲ့လက်ဆောင်ပေးတယ်ဆိုတာက လက်ငါးချောင်းလောက်ပဲရှိတာ။ တနေ့တော့ အဲ့ဒီ့လက်ငါးချောင်းထဲကတယောက်က ပိတ်စလေးတစပေးတယ်။ ထမီပဲချုပ်ချုပ် အကျီ င်္ပဲချုပ်ချုပ်ဆိုပြီး ကိုယ်ကြိုက်နိုင်လောက်တဲ့ အရောင်အသွေးနဲ့အဆင်လေးပါတဲ့ ပိတ်စလေးကို အဝေးတနေရာကနေ ယူလာပေးတာ။ ကိုယ့်မှာလေ ပိတ်စလေးကိုကြည့်ပြီး ဘယ်လိုလေးချုပ်မဟဲ့ ပန်းပွင့်လေးတွေကို ဘယ်နားထားမဟဲ့ အတွန့်လေးတွေကို ဘယ်လိုညှပ်မဟဲ့နဲ့ တွေးတောစိတ်ကူးယဉ်လိုက်တာ အတွေးထဲမှာတင် အကျီ င်္ပုံဆန်း တဆယ့်ခုနှစ်ထည်လောက်ထွက်သွားတယ်။ ကိုယ်လို ဂဂျီဂဂျောင်များလွန်းတဲ့လူက စက်ချုပ်ဆိုင်လည်းအင်မတန်ရွေးတာ မဟုတ်လား။ ဘယ်လိုစက်ချုပ်ဆိုင်ကိုတော့ဖြင့် အလွန့်အလွန် ကြိုက်လိုက်တာဆိုတာမျိုး ရှိမှမရှိဘဲ။ တထည်ကောင်း နှစ်ထည်ကောင်းလောက်ပဲအဆင်ပြေတာ။ ရေရှည်ကျတော့ ဘယ်စက်ဆိုင်မှ စိတ်တိုင်းမကျဘူး။ ဈေးကြီးတဲ့ဆိုင်တွေကို မသွားနိုင်တာလည်းပါတာပေါ့လေ။ အဲ့သလိုနဲ့ ဘယ်စက်ဆိုင်မှာအပ်ရမလဲစဉ်းစားရင်းနဲ့ လက်ဆောင်ရတဲ့ ပိတ်စလေးဟာ လက်ထဲမှာတင်ကို သုံးလလောက်ကြာသွားတယ်။ လက်ဆောင်ပေးတဲ့လူကိုလည်း ငါဒါလေး ဒီလိုချုပ်ထားတယ်ဆိုတာ ပြချင်ပြီ။ ကိုယ်တိုင်ကလည်း ပိတ်စလေးရဲ့အရောင်အသွေးလေးကို သိပ်နှစ်သက်နေတာကြောင့် စက်ဆိုင်တခုကို အသေအချာရွေးလိုက်တော့တယ်။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ။ လာစမ်းဟဲ့ ပုံဆန်းလေး ။

  • အဲ့ဒီလိုနဲ့ ချုပ်လိုက်တာ ဆယ်ရက်လောက်ကြာတော့ ကိုယ်အပ်ထားတဲ့ အကျီ င်္ရပြီတဲ့။ ပိတ်စကကြီးတော့ ကိုယ်က ဂါဝန်အကျပ်လေးချုပ်လိုက်တယ်။ အပွင့်လေးတွေပါတာကို ဒူးနားမှာထားလိုက်တယ်။ ဒါပေမယ့် စက်ဆိုင်ကိုရောက်တော့ချုပ်ထားတဲ့အကျီ င်္ကိုကြည့်လိုက်တာ ကိုယ်ပြောတဲ့ပုံနဲ့လွဲနေတယ်။ ကဲကဲ ထားလိုက်ပါတော့လေ။ ပုံကျဖို့အရေးကြီးတယ်မဟုတ်လား။ ဝတ်ကြည့်အုံးမှဆိုပြီး ဝတ်လိုက်တာ ငှယ် အကျီ င်္က ပွလိုက်တာမှ နောက်တကိုယ်စာလောက်တောင်ဝင်မလားပဲ။ ဟဲ့ဟဲ့ အဲ့သလောက်ကြီးပွရလား လုပ်ပါအုံး သီပါအုံးဆိုတော့ စက်ချုပ်တဲ့အမျိုးသမီးလေးက သီပေးရှာတယ်။ ပြန်မဝတ်ကြည့်နဲ့တော့ ကွက်တိပဲတဲ့။ အင်းအင်းးးအိုကေအိုကေဆိုပြီး အကျီ င်္ကိုအိမ်ပြန်ယူလာလိုက်တယ်။ အိမ်ပြန်ရောက်တော့ အကျီ င်္ကိုသေချာပြန်ဝတ်ကြည့်တာ ငင့် သေရော။ ပွတာမှရိုးရိုးမဟုတ်ဘူး။ ဒဘလယ်ကိုပွနေတာ။ လက်ကလက်မောင်းထိအရှည်ချုပ်ထားတယ်။ ဂျိုင်းကမြှောက်လို့မရဘူး။ ကျပ်တာကျပ်တာဆိုတာ။ လက်ကြီးဘေးကပ်ပြီး လူကသတိဆွဲပြီးနေရတဲ့အနေအထား။ ဂျိုင်းချုပ်ရိုးတွေဆိုတာကလည်း တွန့်လိမ်နေတာ မနည်းဆွဲချတာတောင် မကျဘူး။ လိမ်မြဲ။ နောက်တော့ ခါးကချောင် ရင်ကချောင် ပြီးတော့ ဗိုက်နေရာမှာ ပွယောင်းယောင်း။ ထောက်တွေထည့်တာကလည်း အဆုံးနေရာမှာ ဖုနေတော့ ဝတ်ရတာထောက်တောက်တောက်။ အိမ်းးးးးမဖြစ်ချေဘူး။ ကိုယ့်ဘာသာကိုယ် ပြန်သီမှပဲဆိုပြီး အကျီ င်္ကိုပြန်ချွတ် ပြောင်းပြန်လှန်လိုက်မှ အားပါးပါးးးး သီစာတွေထားထားတာ ရှစ်လက်မလောက်ရှိတယ်။ အကျီ င်္တထည်မှာ သီစာအဲ့သလောက်ထားမှတော့ အကျီ င်္ကချုပ်ရိုးလိမ်ပြီပေါ့။ ဒါပေမယ့် ကြိုးစားပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ပြုပြင်ကြည့်သေးတယ်။ ဝတ်လိုက်သီလိုက် ချွတ်လိုက်ဖြုတ်လိုက် ပြန်ဝတ်လိုက် ပြန်ချွတ်လိုက် ပြန်သီလိုက်နဲ့ အခေါက်နှစ်ဆယ်လောက်လုပ်ပြီးတာတောင် အကျီ င်္က ပုံကျပန်းကျဖြစ်မလာခဲ့ဘူး။ အဲ့လိုနဲ့ ထားလိုက်တော့တယ်။ နောက်စက်ဆိုင်တဆိုင်မှာ သွားပြင်ခိုင်းမယ်ပေါ့ဆိုပြီး။ သံယောစဉ်ကမပြတ်ဘူးမဟုတ်လား။ လက်ဆောင်ရထားတာလေးဆိုတော့လေ။

  • အဲ့လိုနဲ့ ယောက္ခမတွေရှိတဲ့ နယ်မြို့လေးတမြို့ကို အလည်ရောက်သွားတယ်။ နယ်မှာရှိတဲ့ ကိုယ်ချုပ်နေကျစက်ဆိုင်လေးကို သတိရပြီး ပြင်ခိုင်းမဟဲ့ဆိုတဲ့အတွေးနဲ့ ခုနကအကျီ င်္လေးကိုထည့်သွားလိုက်တယ်။ လက်ဆောင်ရထားတာလည်း ခြောက်လလောက်ရှိပြီ။ လက်ထဲမှာလည်း ပြင်လိုက်မရလိုက်နဲ့ကြာနေတာဆိုတော့ နယ်ကစက်ချုပ်ဆိုင်မှာပဲ တောင်းပန်ပြီးပြင်ခိုင်းမယ်လို့ စိတ်ကူးလိုက်တယ်။ နယ်လည်းရောက်ရော စက်ဆိုင်ကိုတန်းပြေးတော့တာပဲ။ အမရယ် ဒီလိုဒီအကြောင်းဘာညာပြောရတယ်။ အဲ့ဒီ့အမက စိတ်ရှည်လက်ရှည်ပါပဲ။ ဘယ်စက်ချုပ်သမမှ သီစာကိုအဲ့သလောက်မထားဘူးတဲ့။ အော် ကိုယ်တင်အံ့သြတာမဟုတ် စက်ချုပ်သူအချင်းချင်းတောင် အံ့တွေသြရတဲ့အထိ ကြီးလိုက်တဲ့သီစာဆိုတာ။ ငါ့များ ဘယ်လောက်တောင်ဝလာမယ်ဆိုပြီး ထင်ထားလို့ အဲ့သလောက်ထည့်ပေးရသလဲ မသိဘူး။ အဲ့ဒါနဲ့အဲ့အမက သီစာတွေအကုန်ဖြတ်ချ။ ဒါးစက်ပြန်လိုက် ကိုယ်တိုင်းနဲ့ပြန်ချုပ်ပြီးပေးလိုက်တယ်။ ကိုယ်လည်း ဝတ်ကြည့်မနေတော့ဘဲ ယူလာလိုက်တယ်။ အဲ့လိုနဲ့ နောက်ရက်တွေကျတော့ရန်ကုန်ကို ပြန်ရောက်ရော။ ပြန်ရောက်ပြီး တပတ်လောက်နေတော့ အပြင်သွားစရာကိစ္စလေးက ပေါ်လာတယ်။ အံမယ် ပြင်ထားတဲ့ဂါဝန်လေးဝတ်မယ်ပေါ့။ စိတ်ကူးတာ စိတ်ကူးတာ။ တကယ်လည်းထုတ်ဝတ်လိုက်ရော ခါးနေရာတွေမှာပွနေပြန်ရော။ ဂျိုင်းကလည်း အတော်ကျပ်နေတယ်။ ဟူးးးးးးး ဒီအကျီ င်္တထည်ဟာ ဘယ့်နှယ့်ကြောင် ကိုယ့်ကျမှ ကံမပါရတာလဲပေါ့။ အခါခါပြင်ထားတာတောင် ဝတ်လို့မရဘူး။ အဲ့ဒါနဲ့ ဘီဒိုထဲပြန်ထိုးထည့်ထားလိုက်တယ်။ တနေ့နေ့ပေါ့လေဆိုပြီးလည်း အားခဲထားလိုက်တယ်။ ဟင်းဟင်းဟင်းးးးး

  • တနေ့တော့ ကိုယ့်အမေကို အဲ့ဒီ့အကျီ င်္ကိုပြပြီး ဘယ်လိုပြင်ရင် ပုံကျနိုင်မလဲတိုင်ပင်ကြည့်တယ်။ အကျီ င်္ပုံစံဟာလည်း တကယ့်ကို ကိုးလို့ကန့်လန့်ရယ်။ အရှေ့တည့်တည့်မှာလည်း ခွဲကြောင်းနဲ့ အနောက်တည့်တည့်မှာလည်း အီကွေတာဟာ တန်းလို့။ ပြောရရင် ရှေ့ခွဲနောက်ခွဲဂါဝန်။ နောက်ပြီး ကြယ်သီးတွေ အပွင့်တွေ အခက်တွေနဲ့လည်း တန်ဆာဆင်ထားသေးတော့ ပုံစံဟာပြင်ဖို့ကို အင်မတန်ခဲယဉ်းတယ်။ အမေကပြောတယ်။ သူ့အသိစက်ဆိုင်မှာတိုင်ပင်ပြီးပြန်ပြင်ပေးမယ်တဲ့။ ပိတ်စလေးဟာ အတော်လေးလှတော့ နှမျောနေတာ။ အဲ့တော့ ထပ်ပြင်ပေါ့လေ။ နောက်တပတ်အမေလာတော့အဲ့ဒီ့အကျီ င်္ပြန်ယူလာပေးတယ်။ အမှန်ပြောရရင် အဲ့ဒီ့အကျီ င်္ကို မမြင်ချင်တော့ဘူး။ ဒီလောက်အခါခါပြင်ရတာ ဘယ့်နှယ့်အဓိပ္ပါယ်ရှိမတုန်း။ လွန်လွန်းအားကြီးတယ်။ ဒီတခါတော့ဖြင့် နောက်ဆုံးအနေနဲ့ အဆင်ပြေလောက်ပြီထင်တာ။ အဲ့ဒါမှားတာပဲ။ အဆင်မပြေဘူး။ဒါပေမယ့် ဝတ်လို့တော့ရသွားတယ်။ ဂျိုင်းကျပ်ပြီး သတိဆွဲတဲ့အနေအထားကနေ နည်းနည်းလေးသက်သာအနေအထားဖြစ်လာတယ်။ စိတ်တိုင်းတော့မကျဘူး။ အဲ့ဒါနဲ့ အမေရယ် ဒီထောက်လေးတွေကို နည်းနည်းပြန်သီပေးပါအုံး။ ဂျိုင်းကိုလည်း နည်းနည်းထပ်ဖြည်ပေးပါအုံးဆိုပြီး အားနာပါးနာ ထပ်ပူဆာရတယ်။ ဟုတ်တယ်လေ ဝတ်လို့တော့ရပေမယ့် ဝတ်လိုက်ရင် ရှေ့ထောင်နောက်ထောင်ဖြစ်နေသေးတော့ အဆင်မပြေဘူးပေါ့။ အဲ့ဒါနဲ့ အမေကလည်း ပြန်ယူသွားပြီး ထပ်ပြင်လာပေးတယ်။ ဒီနေ့တော့ ဆုံးဖြတ်ထားလိုက်တယ်။ ဒီတခါပြင်ခြင်းသည် နောက်ဆုံးပဲဖြစ်ရမည်။ ဒီအကျီ င်္သည် ကိုယ်နှင့်ကံမပါပါက ဒီနေရာတွင်ပင် လမ်းခွဲမည်။ သံယောစဉ်ဆိုတဲ့ အပူမီးကို ဘဝတလျှောက် ဆက်လက်မထမ်းရွက်လို မသယ်ဆောင်လို။ အိုကေနော်။ အိမ်းးးးးး ဒီနေ့တော့ အထပ်ထပ်ပြင်ရတဲ့ ကိုယ့်ရဲ့အကျီ င်္လေးကို ပုံကျပန်းကျပြန်မြင်ရပြီလေ။ ကြည့်လိုက်တာနဲ့ ခါးသေးကိုကျဉ်းပြီး ထောက်ကလေးတွေကို ပြန်သိမ်းထားတာ အမလေးးးးး ပုံကျလိုက်တာဆိုတာ။ ချက်ချင်းပဲဝတ်ကြည့်လိုက်တယ်။ အလားလားးး လှချက်။ တကယ်ကိုမိုက်တာ။ ကိုယ်ခန္ဓာမှာ ကပ်ရပ်ပြီး ခါးနေရာခါး ရင်နေရာရင်နဲ့ အတော်ကလေးကို သဘောကျသွားတယ်။ ဒီတခါတော့ဖြင့် တကယ်ကိုဟန်ကျပြီ။ လက်ကလေးကိုလည်းဘေးကို မြှောက် ရှေ့ကိုကားနဲ့။ ဂျိုင်းအကျပ်အပွကို စမ်းသေးတာ။ အံမယ် ခါလေးကိုထောက်ပြီး မှန်ထဲကနေ နောက်ပြန်လှည့်ကြည့်သေး။ အဟေးးဟေးး ဒီတခါပြင်ခြင်းဟာ ကိုယ့်အတွက်ဆုလာဘ်တခုဖြစ်သွားတာပဲ။ တော်သေးတယ်။ မဟုတ်ရင် ဂါဝန် င်္အကောင်းလေးတထည် ပစ်ရတော့မလို့။ အမေ့ကိုလည်း သဘောတကျလှမ်းလှမ်းပြောရသေး။ သမီးလှတယ်မလား လှတယ်နော် သမီးနဲ့လိုက်တယ်နော် အဲ့လိုအဲ့လို။ အမေကလည်း သမီးစိတ်ချမ်းသာအောင်ပြောပေးတာထင်တယ်။ အေးပါသမီးရယ် ပုံလေးကိုကျနေတာပဲ လည်ပငလေးကိုကပ်နေတာပဲ။ အခုမှကပ်ရပ်သွားတာ လှတယ်ဘာညာပြောပေးတာ။ အင်းပေါ့ လှတယ်ဆိုတော့လည်း ကျေနပ်ပြီလေ။ ပြန်ချွတ်ပြီး သေချာမီးပူတိုက် ပြန်သိမ်းရမယ်ပေါ့။

  • ဂါဝန်က အောက်နေလည်းဆွဲချွတ်လို့မရဘူး။ ဇစ်ကတိုနေတော့လေ။ အပေါ်ကနေလည်း မြှောက်ချွတ်လို့မရဘူး။ ထောက်တွေကို ကပ်နေအောင်ထပ်ပိုးထားတော့လေ။ အဲ့ဒီ့မှာပဲ ဒုက္ခနဲ့ လှလှတွေမြမြတွေ တွေ့တော့တာပဲ။ အပေါ်ကိုဆွဲတင်ကြည့်တယ် အားနဲ့အင်နဲ့ ပိတ်စပြဲမတတ်ဆွဲတင်ကြည့်တယ်။ အီးးးးးအားးးး မရဘူး။ အောက်ကိုဆွဲချွတ်ကြည့်တယ်။ အူးးး အီးးး အအားးးးးးး လုံးဝမကျွတ်ဘူး။ ဂါဝန်ကြီးဟာ ကိုယ့်ခါးမှာပဲ ပတ်လည်ကွင်းကြီးဖြစ်ပြီး လည်နေတော့တယ်။ ပြဿနာပဲ။ ချွတ်စမ်းဟဲ့ ချွတ်ချွတ်။ အမလေးးးးသေတော့မှာပဲ။ ကဲအမေ့ကိုအကူညီတောင်းမှပဲဆိုပြီး အော်တော့ အမေရောက်လာပြီး ဘာလုပ်တယ်ထင်လဲ။ ကိုယ့်ကိုကြည့်ပြီး ရယ်လိုက်တာမှ အူခေါက်မတတ်ပဲ။ အသံတွေဘာတွေပျောက်တဲ့အထိကို ရယ်တယ်။ ကိုယ့်မှာအားကိုးရမလားလို့ အမေ့ကိုခေါ်မိတာ ငါးပါးမှောက်တာပဲ။ ကိုယ့်ခါးလည်က ဂါဝန်ကွင်းကြီးကိုကြည့်လိုက် ရယ်လိုက်နဲ့ လုပ်ပါအုံးဆွဲပါအုံးဆိုမှ ထဆွဲတယ်။ အပေါ်ကနေဂါဝန်ကို ဆွဲချွတ်တယ်။ အမေကအရှေ့ကနေဂါဝန်ကိုဆွဲ ကိုယ်ကလည်း ရသလောက်တွန်းတင်ပေး။ တအူးအူးနဲ့အော်။ ကိုယ့်မှာ အင်နဲ့အားနဲ့ တအူးအူးအော်နေတာကို အမေကထပ်ရယ်တယ်။ ရယ်တာများနော် အားရပါးရ။ အဲ့လိုရယ်နေတော့ အားကမပါတော့ဘူး။အကျီ င်္ကလည်း ဒုံရင်အတိုင်း ကွင်းလိုက်ကြီးခါးမလည်နေတယ်။ ဒေါသလည်းဖြစ် ရယ်လည်းရယ်ချင်။ သားအမိနှစ်ယောက် အင်အားကုန်သုံးပြီးဆွဲလိုက်တာ အုန်းဆိုပြီး အမေကပြုတ်ကျသွားတယ်။ ပြုတ်ကျတာကလည်း ထမင်းပေါင်းအိုးထားတဲ့ခုံဘေးကို ပြုတ်ကျတာ။ ပေါင်းအိုးနဲ့နှာခေါင်းနဲ့ထိပြီး အမေအတော်ကိုအီသွားတာ။ အဲ့လိုအရှိန်နဲ့ထိသွာတာတောင်မှ ကိုယ့်ကိုကြည့်ပြီးအသကုန်ရယ်နိုင်သေးတယ် အံ့ရော အံ့ရော။ နောက်တချီကျတော့ ပဝါမကူ ရေမရှူကြေး သားအမိနှစ်ယောက် အသေအလဲတွန်းဆွဲလိုက်တော့ ဗြွတ်ဗြွတ်ဆိုပြီး အကျီ င်္ကခေါင်းပေါ်ကနေကျွတ်သွားတော့တယ်။ အံမယ် အကျီ င်္ကကျွတ်သွားပေမယ့် ကိုယ့်ခမျာ အနောက်ကို အရှိန်နဲ့လဲတော့မလို ဖြစ်တာကိုထိန်းလိုက်ရတာ ခြေထောက်ကနာ။ အကျီ င်္ဆွဲထားတဲ့အရှိန်က ကိုယ်မှာကျန်ခဲ့တာ့ နာ။ ရယ်ရလွန်းလို့ အူတွေဗိုက်တွေနာနဲ့ ။

  • ဖြစ်ပုံများမပြောချင်တော့တာလေ။ အဲ့ဒါနဲ့ပဲ အဲ့အကျီ င်္ကို ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သူများပေးဖြစ်ဖို့စီစဉ်လိုက်တော့တယ်။ အကျီ င်္က ဝတ်သာ မဝတ်လိုက်ရတာ လက်ထဲမှာတင် နှစ်နှစ်ကျော်သွားတယ်။ ဘယ်လောက် ကံမပါလိုက်လဲ ဆိုတာလေ။ စိတ်နာလွန်းလို့ လှည့်တောင်မကြည့်တော့ဘဲ အထုတ်ထဲထည့်လိုက်တော့တယ်။ ဘဝကအဲ့လိုပဲ ။ ကိုယ်ကြိုက်နှစ်သက်ပြီဆို ဘယ်တော့မှ လွယ်လွယ်ကူကူမရဘူး။ ခက်ခက်ခဲခဲနဲ့ရော ရသလားမေး။ ဟားဟားဟားပဲ။

စုမွန်သွယ်
msu 057
Photo Source
desktop-1410894375.png

ကံမပါတဲ့အကျီ င်္ | Ecency