ကာ

sumonthwe(34)
Published in
#msu
Words
48
Reading
1 min
Listen
Play
8y

ကာ

အပြုံးစစ်စစ်တွေလေ။ မျက်နှာဖုံးစစ်စစ်တွေ။ မျက်နှာဖုံးမတပ်ထားတဲ့မျက်နှာလို့ ကြွေးကြော်နေရင်းကပဲ ကြိုးတွေပြေကျ ဖြည်ပြ။သွေးတွေမတွေ့ရတော့လည်း တအံ့တသြဖြစ်လို့။ အစကတည်းက မျက်နှာဖုံးဆိုတော့ ကွာကျရုံနဲ့တော့ သွေးမထွက်ဘူးပေါ့။ အရေပြားတွေမီးပူလောက်သလို ဟိုတကွက်ဒီတကွက် မကွာဘူး။ အလွှာလိုက် အထပ်လိုက်မကွာဘူး။ အင်နဲ့အားနဲ့ မခွာရဘူး။ အားလုံးဟာ အသာတကြည် ဖြည်းဖြည်းညင်သာနဲ့ပဲ ခွာကြ။ ကွာကျ။ နေရာအလိုက် ဒေသအလိုက် အပြုံးစစ်စစ်မျက်နှာဖုံးတွေပြန်တပ်ကြ။ ပြီးရင် ပြန်ခွာကြ။ ဒီလိုနဲ့ပဲ ကိုယ်ဟာ အရောင်တွေအမျိုးမျိုးပြောင်းပြီး အပြုံးတွေခနခနဟောင်းခဲ့ဖူးတယ်။ အပြုံးဟောင်းတွေမလှတော့ရင် အပြုံးလှလှလေးတွေထပ်ဝယ် ထပ်တပ်။ အရာရာဟာ နေသားမကျတကျနဲ့ နေသားတွေကျလို့။ ဘောင်ကျဉ်းတွေကြားကနေထိုးထွက်လာခဲ့ပြီးနောက် ကိုယ်ရောက်ရှိတဲ့နေရာဟာ ဘောင်ကျယ်သွားတယ်။ ဒါပေမယ့် ဘောင်တွေခတ်ထားတုန်းပါပဲ။ အပြုံးတွေကတော့ လေတွေလို လွင့်လို့ဝဲလို့။

#စုမွန်သွယ် image

ကာ | Ecency