ဦးနှောက်မြူးသူတစ်ယောက်အကြောင်း

sumonthwe(34)
Published in
#msu
Words
135
Reading
1 min
Listen
Play
8y

အထက်တန်းကျောင်းသားဘဝ တုန်းက တစ်ရက်ကို ဝတ္ထု စာအုပ် အထူ အနည်းဆုံး ၄ အုပ်ဖတ်တယ်။ တာရာမင်းဝေ စာအုပ်မျိုးဆို တထိုင်ထဲ တစ်အုပ် ပြီးတယ်။ စာမဖတ်တာ ဆယ်စုနှစ်ချီ ကြာ သွားတော့ ခု ဒီစာအုပ်တစ်အုပ်ဖတ်နေတာ ၂ရက်ကို ၅ပုံတစ်ပုံ လောက်ပဲပြီးတယ်။
စာအုပ်တစ်အုပ်ကို ဘာသာပြန်တယ်ဆိုတာ ဘာသာပြန်တဲ့အကြောင်းအရာနယ်ပါယ်က လူကပြန်မှ ဖတ်ရတာအဆင်ပြေတာ။ ကိုယ်မပိုင်နိုင်တဲ့နယ်ပါယ်ကို အင်္ဂလိပ်နားလည်တယ်ဆိုယုံနဲ့ ပြန်ရင်တော့ ဘယ်လိုမှ အဆင်မပြေ။ သိပ္ပံအသုံးတွေ ပါတဲ့ စာအုပ်ကိုဘာသာပြန်သူဟာ သိပ္ပံ နဲ့ပတ်သက်တဲ့ပညာရှင်တစ်ဦးက ပြန်မှ ဖတ်လို့ပိုအဆင်ပြေတယ်။ ဆေးပညာစာအုပ်ကို ဘာသာပြန်တဲ့အခါလည်း ဆရာဝန်ကပြန်မှ ဖတ်တဲ့သူက နားလည်တယ် အဆင်ပြေတယ်။ ဒီစာအုပ်က ၀ထ္ထု အဖြစ် လူတစ်ယောက် အကြောင်း ရေးထားတာဖြစ်ပေမဲ့ သူက သိပ္ပံနယ်ပါယ်ကလူဖြစ်လို့ ပတ်သက်ဆက်စပ်နေတာတွေအကုန်ကိုပါ နားလည်နေမှ ဖတ်လို့ကောင်းတာပါ။ ဒီစာအုပ်ကို ဘာသာပြန်သူက ဦးဘိုးလှိုင်ဆိုတော့ ပြောစရာ မလိုအောင်ပြည့်စုံသွားတာပေါ့။

စာအုပ်ထဲမှာ လူတစ်ယောက်အကြောင်းရေး၇င်းနဲ့ သူ့ခေတ်ကာလ အခြေနေ လူနေမှုစနစ် ပညာရေးနိုင်ငံရေး တွေကိုပါ မြင်ရပါတယ်။ အဲ့တာတွေကိုဖတ်လိုက်ရတော့ အမေရိကန် ဘာကြောင့် တိုးတက်သွားသလဲဆိုတဲ့ သမိုင်းကိုပါ မြင်နိုင်တယ်။ နိုင်ငံတကာက ပညာရှင်တွေဟာ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကလေးမှာ အမေရိကန်ကို တဖွဲဖွဲဝင်ရောက်လာကြတယ်။ ပညာရှင်တွေ က မူရင်းနေရပ်တွေကိုဘာကြောင့်စွန့်ခွာခဲ့သလဲ ။ အမေရိကန်ကို ဘာလို့ ပြောင်းလာတာလဲ။ သေချာတာက အဲ့အချိန်မှာ အမေရိကန်ကတိုးတက်ပြီးသားဖြစ်နေလို့ ပြောင်းလာတာ မဟုတ်ဘူး။ အဲ့ပညာရှင်တွေ အမေရိကန်ကို ပြောင်းလာပြီးမှ အမေရိကန်က တိုးတက်လာတာ။
အမေရိကန်က ဘာလို့ နိုင်ငံတကာ ပညာရှင်တွေကို သူ့ဆီကို လာဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာလဲ။
လူဆိုတာ မွေးဇာတိကို အင်မတန် သံယောဇဉ်ကြီးတယ်။ တော်ယုံ အကြောင်းပြချက်နဲ့ ဇာတိကို စွန့်ခွာခဲတယ် ။ ဥရောပ နဲ့ ဂျာမနီ ဘက်က ပညာရှင်အသီးသီးက ဘာလို့ သူတို့ ဇာတိကို စွန့်ခွာပြီးတော့ အမေရိကန်ရဲ့ဖိတ်ခေါ်မှု ကမ်းလှမ်းမှုတွေကို လက်ခံခဲ့ကြသလဲဆိုတာ အတော်စိတ်ဝင်စားဖွယ်ကောင်းတာမို့ ဒီစာအုပ်လေး ဖတ်ကြည့်သင့်တယ်လို့ ညွှန်းပါရစေဗျာ။
30711091_1223861617744010_2591069747231588352_n.jpg

စုမွန်သွယ်
MSU No 057