ဒေါင်း

sumonthwe(34)
Published in
#msu
Words
37
Reading
1 min
Listen
Play
8y

unplucky-in-lov-159435-e1527673746538.jpgကိုယ်ကတော့ အတောင်ညောင်းလို့ ဆန့်လိုက်တာ
တချို့က
ဖင်လှန်ပြတယ်ဆိုပြီး ရယ်မောလှောင်ပြောင်ကြ
တချို့က
အသွင်သဏ္ဍာန်လှတယ်ဆိုပြီး ဓါတ်ပုံမှတ်တမ်းတင်ကြ
တချို့က မေးငေါ့ကြ
တချို့က ဘေးပြောကြ

ကိုယ်ကတော့ အိပ်ချင်လို့သန်းလိုက်တာပဲ
ချစ်သူတွေက သာယာတယ်ပြောကြ
မုန်းသူတွေက အနာနာတယ်ပြောကြ
မဲ့သူရွဲ့သူ ပြုံးသူရယ်သူကြားမှာ
ကိုယ်လည်းကိုယ့်အလုပ်ကိုယ်လုပ်
သူတို့လည်းသူတို့အလုပ် သူတို့လုပ်

အလုပ်ကိုယ်စီလုပ်နေကြပေမယ့်
မပြုံးနိုင်မရယ်နိုင်သူကြား
ငိုသူမဲ့သူကြား
ကိုယ်ကတော့ အများထက်သာတယ်
အတောင်ညောင်းရင်ဆန့်တယ်
အိပ်ချင်ရင်သန်းတယ်
ကိုယ်ကပိုလွတ်လပ်တယ်ကွယ်။

စုမွန်သွယ်
msu 057

Photo Credit

ဒေါင်း | Ecency