နှောင်

sumonthwe(34)
Published in
#msu
Words
43
Reading
1 min
Listen
Play
8y

ကိုယ်ငိုရင် မိုးတွေပြိုမှာလား
ပြည့်စုံတဲ့ မပြည့်ဝခြင်းတွေမှာ
ကိုယ်တို့ဟာ အသားတကျ နေရာမှန်မှန်
စည်းချက်တွေမြန်မြန်နဲ့ တွန်းလိုတွန်း တိုက်လိုတိုက်
တွဲလက်တို့ တင်းတင်းဆုပ်ကိုင်ထားချိန်။
လေပွေဆိုတာဘယ်အရပ်ကဘယ်လိုတိုက်တိုက်
အမှိုက်တော့ပါတတ်စမြဲမဟုတ်လား
ရှေ့သွားတိုင်းနောက်ကလိုက်ညီဖို့
ပျော်စရာတွေကိုအမှိုက်နဲ့အတူရောထားလိုက်ရ
အရယ်တခြမ်း ငိုတမဲ့နဲ့လူတွေကောင်းချီးပေးရင်
ကိုယ်တို့……
တိတ်တိတ်လေးမျက်လွှာချထားလိုက်ရုံ
ခရောင်းတွေ ဆူးတွေကိုယ်မသိချင်ဘူး
လမ်းလျှောက်ရင်းဖိနပ်ပေါက်လို့
အပူထရင်တောင် ကိုယ်ကလေ
မျက်ရည်တဝဲဝဲနဲ့
နာတတ်တယ်။
ဘာပဲဖြစ်ဖြစ်
တိမ်တွေညိုလို့ မိုးတွေဖြစ်ရင်
ကိုယ့်မျက်ရည်လူမမြင်အောင်
ဝင်ပုန်းမယ့်ကျေနပ်စရာ ရင်ခွင်တခုဟာ
အပြုံးတွေနဲ့တလက်လက်ဝင်းပနေလို့။
အပြုံးတွေနဲ့လေ ……
တလက်လက်ဝင်းပနေလို့။
5.6.2018
#စုမွန်သွယ်

Photo credit - http://www.kiddnation.com/is-this-the-only-way-to-hold-hands/

holding-hands-1274x666 (1).jpg

နှောင် | Ecency