ဘုရားသခင်နဲ့ ရန်ဖြစ်ခဲ့ခြင်း

sumonthwe(34)
Published in
#msu
Words
61
Reading
1 min
Listen
Play
8y

အဝေးဆုံးလို့ပြောနေရတာကိုက ဝေးလွန်းနေသည်။
ဖြစ်နိုင်ရင် မျက်စိတမှိတ်အတွင်းမှာကို ဝေးကွာပြစ်လိုက်ချင်မိသည်။
ရနံ့သင်းတိုင်းပန်းခင်းဖြစ်ရင် အရင်ဆုံးပျိုးတဲ့ပန်းကို ဗလာ လို့နာမည်ပေးမည်။
အဝေးဆုံးမှာ ဗလာ ရှိနေသည်။
ဒါပေမယ့် လေညင်းကြားမှာပန်းရနံ့တွေကင်းနေသည်။
ပျော်ရွှင်ရမည်လား မပျော်ရွှင်ရမည်လားမသိ။
သေချာသည်က တော်တော်လေးဝေးနေလို့ဖြစ်လိမ့်မည်။
စိတ်တွေက အညတရဆန်ဆန် ရဲရင့်နေတာသိပ်အံ့သြမိသည်။
ဘာတွေက အသိတရားတွေဖြစ်မလဲ။ ဘာတွေက မသိတရားတွေဖြစ်မလဲ။
ရှိမရှိကိုရော သိမသိကိုပါ ဘာမှမဖြစ်ချင်ပါ။
လေညင်းတိုင်းက ရနံ့အားလုံးကိုသယ်ဆောင်တယ်ဆိုတာ ယုံတမ်းစကားလို့ပဲ ယုံလိုက်ချင်သည်။
တကယ်ရှိရင် အသိတရားမှာ လင်းလက်ပြစမ်းပါ။ မျက်စိဖွင့် နားစွင့်ပြီးတကယ်ယုံလိုက်မည်။
သေချာတာတစ်ခုက အဝေးဆုံးမှာ ဗလာ ရှိနေသည်။
တချို့ပန်းတွေက ရာသီအလိုက်သင်းပျံ့တတ်ကြသည်။
ခက်သည်ထက်ပိုခက်နေသည်။
ပန်းပွင့်တွေမွှေးတဲ့ရာသီမှာ နက္ခတ်စုံချင်သည်။
လေနီထန်ပြီး မုန်တိုင်းပြင်းရင် နှလုံးသားက ခံနိုင်ရည်ရှိမလားစိတ်ပူမိသည်။
ဗလာကိုချစ်မိသောကြောင့် နှလုံသားနုနုလည်း ဗလာဖြစ်သွားတော့သည်။
အဲ့ဒီ့အချိန်ကစလို့ အားလုံးဟာ ဝေးသွားခဲ့ပြီးဖြစ်သည်။
အဝေးဆုံးလို့ပြောနေရတာကိုက အရမ်းဝေးလွန်းနေသည်။
မျက်စိတမှိတ်အတွင်းမှာကို ဝေးကွာပြစ်လိုက်ချင်သည်။
စုမွန်သွယ်

ဘုရားသခင်နဲ့ ရန်ဖြစ်ခဲ့ခြင်း | Ecency