အိပ်မက်ငယ်

sumonthwe(34)
Published in
#msu
Words
41
Reading
1 min
Listen
Play
8y

ကမ္ဘာအဆက်ဆက်မှာ ဒဏ်ရာအထပ်ထပ်ရှိဖူးခဲ့လို့
မာယာနဲ့အာသာမပြေနိုင်တော့ဘူး။
မိတာရေ…………
မမြင်ချင်တာအတွက်တော့
အဝေးကြီးပြေးမနေပါနဲ့ကွယ်
ကိုယ်တို့ ကျောချင်းကပ်လိုက်ကြတာပေါ့
ဝေဒနာဟာ သေရာပါခဲ့ပြီမို့
ခြေရာကောက်ပြီးလည်း မလွမ်းချင်တော့ဘူးမိတာ။
ကိုယ်ချစ်ခဲ့တဲ့ ငွေရောင်အနမ်းတွေမှာ
အလွမ်းတွေဝေနေခဲ့မယ်လို့
မမြင်တတ်ခဲ့တဲ့ ကိုယ်သာမိုက်တာ။
အခုတော့ မိတာ
နွယ်ရှင်တွေက အသက်တမျှရစ်ပတ်ကြပြီ။
ကိုယ်တို့ ကျောချင်းကပ်ကြတာပေါ့
ရှေ့တလှမ်း မလှမ်းကြခင်အထိ
ကိုယ်တို့ လက်တွဲခွင့်တွေ ရှိအုံးမှာပေါ့
ဒီလိုနဲ့ပဲ မိုင်တွေအများကြီး နှင်လိုက်ကြပြီး
ဝေး……… ဝေး………… ဝေးးးးသွားခဲ့လေသည်။
စုမွန်သွယ်

MSU No 057
Photo Credit - https://www.secretenergy.com

dreams-1038x519.jpg