အားမမျှတဲ့လွန်ဆွဲပွဲ

sumonthwe(34)
Published in
#msu
Words
59
Reading
1 min
Listen
Play
8y

ကိုယ်ရုပ်ဟာ
စေတန်နဲ့တူတယ်လို့ မှန်ကြည့်တိုင်းခံစားလာရတာ
ကြာပြီ။
အဖြူအမည်း မသဲကွဲတဲ့အဖြစ်မှာ
လူဆိုးတွေလူကောင်းတွေဆိုတာ
ဒါရိုက်တာရဲ့လှည့်ကွက်တခုပဲ။
ကျတော်တို့ရပ်နေတဲ့နေရာဟာ
တဖြည်းဖြည်း ချိုင့်ဝင်ကျွံခွက်လို့
မြေသားတွေပြုပြင်မှုလုပ်နေပြီ
ကိုယ်တွေမှာ မူးလို့ကောင်းတုန်း မှိန်းလို့ကောင်းတုန်း
အသက်တဝက်မြုပ်နေရင်းနဲ့တောင်
ဂျိုတွေတထောင်ထောင်နဲ့ လူစွမ်းကောင်းလုပ်ပြချင်နေသေးတာ
ကျနော်မြင်ရတဲ့လူကောင်းဆိုသူတွေမှာ
မပျံနိုင်တဲ့အတောင်တွေနဲ့ လေးလို့လံလို့။
သနားတဲ့စိတ်ကလေးနဲ့သာ မျက်လွှာချ
လူတွေရဲ့နောင်တတွေဟာ
မိုးတွေပြိုတဲ့အထိ သက်ရောက်စေသတဲ့လား
ကျနော်ဘုရားသခင်မဖြစ်ချင်တော့ဘူး
မရေရာတဲ့သေခြင်းနောက်က ငြိမ်းချမ်းခြင်းကိုရှာဖို့
ကျနော်လေ
စေတန်ရဲ့လာဘ်ထိုးမှုကို မငြင်းတော့ဖို့
ဆုံးဖြတ်
အပြုံးမပျက်ပဲ နေချင်တော့တယ်
ဘယ်လိုသေတဲ့လူတွေက ဘာသက်သေတွေပြခဲ့ဖူးလို့လဲ
လူတွေပြောတဲ့စေတန်ရဲ့လှည့်စားမှုဆိုတာ
ကျနော့်အတွက်တော့ သုခဘုံပဲ
ကျနော်ရှင်ပျော် ပျော်ပါရစေတော့။
အဲ့ဒီလိုနဲ့ပဲ
မှန်ကြည့်တိုင်း ကျနော်ရုပ်ဟာ
စေတန်နဲ့တူတူလာတော့တာပဲ။
ဘုရားသခင်ရဲ့ မမြင်ရတဲ့မက်လုံးထက်
စေတန်ရဲ့ပုံအောမှုကိုသာမက်မောပြီးတဲ့နောက်
ကျနော်ကိုယ်တိုင်
စေတန်ဖြစ်လာတော့တာပါပဲ။

#စုမွန်သွယ် ( 2.9.18 )
msu 057
photo credit https://goo.gl/images/BYbe72
image