ဆုတ်လည်းဆူး စားလည်းရူး

Words
37
Reading
1 min
Listen
Play
9y

မျှော်လင့်ခြင်း ကွင်းပြင်ထက်မှာ
လျှောက်လှမ်းလာခဲ့တဲ့ ခြေတစ်စုံ
ထုဆစ်ပုံဖော်ထားပုံက လက်ရာကြမ်းလိုက်တာ။

အဆုံးအစမဲ့တဲ့ ကောင်းကင်ထက်
မိုးကုတ်စက်ဝိုင်းအဆုံးကို တွက်ချက်လည်း
သင်္ချာမတော်ခဲ့တဲ့ ငါ။

သီအိုရီတွေ ပြောင်းပြန်မှောက်
ပြဇာတ်ထဲပါတဲ့ ကကွက်နဲ့
ဘဝဇာတ်ခုံပေါ် ဝင်ဆံ့မယ် ထင်နေလား။

လျှောက်ဆိုလို့သာ မိုးခါးရေသောက်နေရတာ
လမ်းဆုံးက ပင်လယ်ကမ်းစပ်လား
တောတန်းတစ်နေရာလား
အချိုးမညီတဲ့ ပန်းချီကားတစ်ချပ်လား။

ဒီလိုနဲ့ဘဲ မိုးတိမ်တွေနဲ့ လူးလွန့်ရင်
ရာစုနှစ်တွေ ကုန်ခဲ့ပြီ။
IMG_20180311_000208.png
suhlaing@suhlaing
msc 175
credit google image