မိဘ ဟူသည်

Words
99
Reading
1 min
Listen
Play
8y

မနီလာသည် ခင်ပွန်းဖြစ်သူ ကိုစည်သူနှင့်အတူ အန်ထရာစောင်းရိုက်သည့် အခန်းထဲမှ ထွက်လာခဲ့လေသည်။ သူမ၏ မျက်နှာသည် အပြုံးရိပ်သန်းနေကာ ပျော်ရွှင်မှုကို ဖုံးဖိထားနိုင်စွမ်းကာ မတက်သာပေ။ အန်ထရာစောင်းအဖြေစာရွက်ကလေးကို လက်ကကိုင်ရင်း ကိုယ်ဝန်ဆောင်ထားသော်ငြားလည်း သွက်လက်သော ခြေလှမ်းများဖြင့် မနီလာတစ်ယောက်လျှောက်လှမ်းလာလေသည်။ ခင်ပွန်းဖြစ်သူ ကိုစည်သူမှာလည်း ဇနီးသည်ဆီမှ အပျော်လေးများကူးစက်လျှက်ရှိလေသည်။
မနီလာသည် ပျော်မြူးနေသော အသံလေးဖြင့်

'' ယောက်ျားရေ သားလေးတဲ့တော် ကျမဖြင့် ပျော်လိုက်တာရှင် တစ်ဦးမှာ သားလေးဆိုတော့ ကျမဖြင့် ဘယ်လို ပျော်မှန်းကို မသိပါဘူးရှင် ကျမ သားလေးက အရမ်းကို ချစ်စရာကောင်းနေမှာ ကျမ သိတယ် သားလေးရေ မေမေ ချီချင် နမ်းချင်လှပြီ ကလေးရေ''

မနီလာသည် ဗိုက်ကလေးကို ပွတ်ရင်း ကိုစည်သူ၏ လက်ကိုတွဲကာ တတွန်တွတ်နှင့် စကားပြောလာပါသည်။

'' ဒါပေါ့ မိန်းမရာ ငါတို့သားလေးက တကယ့်သားကောင်းရတနာလေး ဖြစ်လာမှာ ဖြစ်လာအောင်လည်း ငါတို့ နှစ်ယောက်လုံး ပြုစု ပျိုးထောင်ကျတာပေါ့ကွာ''

'' သားလေးကို အကောင်းဆုံး ကျောင်းမှာထားမယ် ပညာတက်ကြီးဖြစ်လာစေရမယ် လိမ္မာယဉ်ကျေးအောင်လည်း လောကနီတိကို သင်ကြာစမယ်။ ဘက်စုံ ထူးချွန်တဲ့ကလေးဖြစ်အောင် ကျမတို့ ပြုစုမယ်ရှင်''

'' ငါ့သားကြီးက တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာသာသနာအတွက် အကျိုးရှိတဲ့ သားကောင်းလေး ဖြစ်လာစေရမယ် မိန်းမရေ''

သားဦးရတနာလေးအတွက် ရည်မှန်းချက်ခိုင်မာစွာဖြင့် လျှောက်လှမ်းလာသော ကိုစည်သူနှင့် မနီလာတို့၏ အိမ်အပြန်ခြေလှမ်းများသည် ယုံကြည်မှုဖြင့် တက်ကြွလန်းဆန်းနေပေတော့သတည်း။

suhlaing@suhlaing
msc 175

qbzjzjests.png
source

မိဘ ဟူသည် | Ecency