လိမ်မာပါ သူငယ်ချင်း

Words
115
Reading
1 min
8y
Listen to this post
~1 min

ငွေကို စည်းကမ်းနဲ့ မသုံးတက်ရင် ငွေရဲ့ ဒဏ်ခတ်ခြင်းကို မင်း တစ်နေ့ ခံစားရလိမ့်မယ် သူငယ်ချင်း...

ငွေကြေး ကိစ္စကို သေချာမစီမံတက်ရင် ငွေကလည်း မင်း ဘဝကို ပရမ်းပတာ လုပ်ပစ်လိမ့်မယ် သူငယ်ချင်း...

မတ်တပ်စာတောင် မင်းအတွက် ငွေလိုနေပြီဆိုရင် နာမကျန်းတဲ့ အခါ ဒုက္ခတွေ ပင်လယ်ဝေပြီပေါ့ သူငယ်ချင်း...

image
credit image source

အဝတ်အထည်ဆိုတာ အသစ်အဆန်းတွေ ထပ်ခါထပ်ခါပေါ်နေတာမို့ မင်း ရတဲ့လစာနဲ့ ထိုက်သင့်သလောက်လေးကို သပ်သပ်ရပ်ရပ် ဝတ်နိုင်ရင် မင်း အတွက် လုံလောက်နေပါပြီ သူငယ်ချင်း...

အပြင်စာတွေ ခဏ ခဏထွက်စားခြင်းဟာ အပိုကုန်ကျစရိတ်ဖြစ်တဲ့အတွက် ဟင်းကောင်းကောင်းလေးဝယ်ပြီး အိမ်မှာ မိသားစုနဲ့ နွေးနွေးထွေးထွေး ချက်ပြုတ်စားခြင်းက မင်းနဲ့ မင်းမိသားစုရဲ့ ချစ်ခင်မှုကို ပိုပြီးတိုးစေပါတယ် သူငယ်ချင်း...

ကျွေးနိုင်မှ ပေါင်းသင်းတက်တဲ့ အပေါင်းအသင်းနဲ့ ကိုယ့်ကို ပြိုင်ဆိုင်တက်တဲ့ အပေါင်းအသင်းမျိုးကို ကိုယ်ပေါင်းစိတ်ခွါ ထားပါ သူငယ်ချင်း...

ငွေဆိုတာ တကယ်တော့ ကိုယ်က ချစ်မှ ကိုယ့်ကို ပြန်ချစ်တဲ့ အပေးအယူ game တစ်ခုပါ သူငယ်ချင်း...

မင်းက သူ့ကို လွယ်လွယ်သုံး လွယ်လွယ်ဖြုန်းပစ်ရင် သူကလည်း မင်းကို အပျော် မယားထက် မပိုပါဘူး သူငယ်ချင်း...

အပေါင်းအသင်းတွေနဲ့ သုံးဖြုန်းပစ်မဲ့ ငွေကြေး မလိုအပ်တဲ့ အဝတ်အစားတွေ ဝယ်ပစ်မဲ့ ငွေကြေး ဒီငွေကြေးတွေအတွက် မင်း ဖြစ်စေ မင်း ခင်ပွန်းဖြစ်စေ ဘယ်လိုရှာဖွေခဲ့ရသလဲဆိုတာ အိပ်ခါနီးရင် ၅မိနစ်လောက်လေးဘဲ တွေးကြည့်ပါ သူငယ်ချင်း...

ဒီ ငွေရဖို့ ရင်းနှီးလိုက်ရတဲ့ အရင်းအနှီးနဲ့ ပြန်ပေးဆပ်လိုက်ရတာ တန်ရဲ့လားလို့ တွေးကြည့်ပါ သူငယ်ချင်း...

image
credit image source
suhlaing@suhlaing
msc 175