မင်္ဂလာပါ မိတ်ဆွေတို့
ကျွန်တော်တို့ @steempowergroup1 ကနေ နေ့စဉ် promotion ပေးနေခဲ့တာ အခုဆိုရင် ရက်ပေါင်း ( 26 ) ရက် ရှိခဲ့ပါပြီ။ sp နည်းတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့သလို ဆုကြေးငွေကလည်း သိပ်မပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ newbies တွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာ အဖွဲ့သားတွေ တိုင်ပင်ဆွေးနွေးရင်း အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ပြိုင်ပွဲသဘောမျိုးလုပ်ပြီး အနိုင်ရရှိသူကို အနည်းဆုံးပမာဏ 0.2 STU တန်ဖိုးရှိတဲ့ upvote ပေးဖို့ပဲ ဖြစ်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ဒီထက် ပိုမိုပေးနိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်သူတွေဘက်ကနေ လုပ်ပေးရမှာက -
ကျွန်တော်တို့ဘက်ကနေတော့ -
သို့သော်လည်း တစ်ခုတော့ ၀န်ခံပါရစေ။ ပြိုင်ပွဲဝင်သူတွေထဲကနေ စည်းကမ်းနဲ့ မညီညွတ်တဲ့ post များကို စစ်ဆေးပေးမှာ မဟုတ်ပါဘူး။ ဆုရတဲ့သူ မရှိရင်တော့ ဘာကြောင့် ဆု မပေးတာလဲဆိုတာ ပြောပြပေးပါ့မယ်။
ဝေဖန်ထားတဲ့ နမူနာပုံစံများကို အောက်ပါ Link များမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဘာလိုသေးလဲဗျာ ... ဆုလည်း ရမယ် ... ကိုယ့်စာကို သေချာဖတ်ပြီး ထောက်ပြပေးမှုလည်း ရရှိမယ် ... ကိုယ့်အခြေအနေတိုးတက်ဖို့ အထောက်အပံ့တစ်ခုဖြစ်သွားမယ် ...
တစ်ခုပဲ လိုပါတယ် ... ပြိုင်ပွဲဝင်ပြိုင်ဖို့ပါ ... ဒါကြောင့် ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်မယ့်အကြောင်း အခု post ရဲ့ comment မှာ ရေးသားပေးကြပါလားဗျာ ... မိတ်ဆွေတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိတာဟာ ကျွန်တော်တို့ ရှေ့ဆက်မယ့် ခရီးအတွက် အထောက်အပံ့တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် newbies တွေကို အထောက်အပံ့ပေးချင်ကြတဲ့ အခြားသူတွေလည်း ရှိကြမှာပါ ... ကျွန်တော်တို့နဲ့ လက်တွဲပါဝင်ဖို့ ဖိတ်ခေါ်ပါတယ် ... ဘာမှ အထွေအထူးလုပ်စရာ မလိုပါဘူး ... တစ်နေ့ကို 0.01$ တန်ဖိုးရှိတဲ့ upvote ပမာဏ ၃ ခုကို အားဖြည့်ပေးဖို့ပါ ... အခု ဆုကြေးပေးတာကလည်း 0.01 တွေကို စုစည်းပြီး ပေးတာ ဖြစ်ပါတယ် ... မိုးရေတစ်စက်ချင်းက မထိရောက်ပေမယ့် မိုးရေစက်တွေ ပေါင်းစုလိုက်ရင်တော့ ရေချိုရေအေးတစ်ခွက်ရရှိပြီး လိုအပ်သူအတွက် အားဆေးတစ်ခွက်ဖြစ်စေမှာ ဖြစ်ပါတယ် ... အားဖြည့်ပေးဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် @sawlwin ကို ဆက်သွယ်ပေးပါ ... facebook chat box ကနေ သိချင်တာ လာရောက်မေးမြန်းနိုင်ပါတယ် ...