life

Words
154
Reading
1 min
Listen
Play
8y

အထက်တစ်နေရာတွင်ဆိုခဲ့ပြီး သည့်အတိုင်း ပညာခေတ်တွင် ပညာမှာအဆင်းတန်ဆာ သက်သက်မျှမဟုတ်တော့ လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်အင်အားဖြစ်ပါသည်။ သို့အတွက် ပညာခေတ်၏ ပညာတတ်တစ်ယောက်မှာ ဓလေ့စရိုက်နှစ်ခုနှင့် အလုပ်လုပ်တတ်သူမျိုး ဖြစ်ဖို့လိုပါသည်။ စကားလုံးများနှင့် အိုင်ဒီယာများကို ဖိုးကပ်(စ်)လုပ်ရသော ပညာဓလေ့ (Intellectual Culture) နှင့် လူများနှင့်အလုပ်ကို ဖိုးကပ်(စ်)လုပ်ရသော မန်နေဂျာဓလေ့(Manager culture) တို့ဖြစ်ပါသည်။

image

အကယ်၍ ပညာဓလေ့ကို မန်နေဂျာဓလေ့နှင့် ချိန်ခွင်လျှာ မညှိနိုင်လျှင် လူတိုင်းကိုယ်အလုပ်ကိုလုပ်ကြသော်လည်း ဘာအလုပ်မှ မအောင်မြင်ဆိုသော အနေအထားသို့ ရောက်သွားနိုင်သည်။ အလားတူ မန်နေဂျာဓလေ့ ကိုပညာဓလေ့နှင့် မထောက်ကူနိုင်လျှင်လည်း အလုပ်မှာ ဗျူရိုကရေစီ ၏ အစားခံ ဖြစ်သွားပါလိမ့်မည်။ သို့အတွက် ဓလေ့စရိုက် နှစ်မျိုးစလုံးနှင့် လုပ်ကိုင်တတ်ပါမှ ပညာတတ်မည်ပါလိမ့်မည်။ ဤသည်ပင် ပညာတတ်တို့၏ ဒုတိယဂုဏ်အင် ဖြစ်တော့သည်။
image
ပညာခေတ် မှာပညာပေါက်ကွဲမှု ကာလကြီးလည်း ဖြစ်ပါသည်။ ဤအကြောင်းကိုဆိုခဲ့ပြီး ပြီ။ ပြောလိုသည်မှာ ပညာများ အဆက်မပြတ်ပေါက်ကွဲ လျှံကျနေသည်ဖြစ်ရာ ပညာရပ်အသီးသီး၏ အမှန်သက်တမ်းမှာတဖြည်းဖြည်း တိုတောင်းလာသည်ကို သတိပြုကြဖို့ဖြစ်ပါသည်။ ဤအခြေအနေတွင် မည်သည့်ပညာတတ် ပုဂ္ဂိုလ်မှမိမိပိုင်နိုင် ကျွမ်းကျင်သည့်ပညာရပ်တစ်ခုတည်းနှင့် ရာသက်ပန်ပရောဟိတ် လုပ်လို့မရနိုင်တော့ပါ။ သို့နှင့်အမျှ “စဉ်ဆက်မပြတ် ပညာသင်ကြားရေး ” (Continual Learning) သည်ပင် ပညာတတ်တို့၏ နောက်ထပ်ဂုဏ်အင် တစ်ခုဖြစ်လာရတော့သည်။ ဤနေရာတွင် “မေဂျီပြောင်းလဲရေး” ခေတ်က ထင်ရှားခဲ့သော ဂျပန်လူမျိုးပညာရှင် ယူကီဂျီဖူကူဇဝါ၏ ဖွင့်ဆိုချက်မှာ အသုံးတည့်လိမ့်မည်ထင်သည်။ ဖူကူဇဝါက ပညာတတ်ဆိုသည်မှာ ဆက်လက် ပညာ သင်ကြားလိုသော ဆန္ဒရှိပြီး ပညာသင်ကြား နိုင်စွမ်းလည်းရှိသော ပုဂ္ဂိုလ်မျိုးသာဖြစ်သည်။ ဟု အဓိပ္ပါယ်ဖွင့်ခဲ့သည်။

photo google image

life | Ecency