life

Words
150
Reading
1 min
Listen
Play
9y

ဝန်ထမ်းတွေဘက်က အမြင်

တစ်လ တစ်သိန်း ၂ သောင်းရတဲ့ ဝန်ထမ်းဟာအိမ်လည်း ငှားနေရမယ်၊ ရုံးကိုလည်း ကိုယ့်ဘာသာလာရမယ်။ ကျောင်းတက်နေတဲ့ ကလေး တစ်ယောက်နဲ့အထက်ရှိမယ်။ အမျိုးသမီးကလည်း မရှိတော့ဘူးဆိုရင် ဘယ်လိုစားသောက်နေထိုင်ရမလဲ။

ဒီကြားထဲ အချိန်ပို ဆင်းတာတို့၊ ပိတ်ရက်အလုပ်ဆင်းရတာတို့၊ အိမ်ပြန်နောက်ကျတာတို့ဆိုရင် ဘယ်လိုလုပ်ကြမလဲ။

လူဦးရေ သန်း ၅၀ ကျော်အတွက် အလုပ်လုပ်ပေးမယ့် ဝန်ထမ်း တစ်သန်းလောက်ရဲ့ ဘဝလုံခြုံမှုကို မဖြည့်တင်းပေးနိုင်ဘဲ ပြည်သူ့ဝန်ထမ်းတွေဆီက အကောင်းဆုံးသော ဝန်ဆောင်မှုကို မျှော်လင့်နေမယ်ဆိုရင်တော့ ရူးနေတာလို့ပဲ ပြောပါရစေ။

အခွန်ထမ်း မထမ်း မသေချာပေမယ့် ငါတို့ပေးတဲ့ အခွန်တွေနဲ့ လစာစားနေတဲ့ ဝန်ထမ်းတွေ ငါတို့ သဘောကျ လုပ်ပေးရမယ်ဆိုတဲ့ Idea နဲ့ လူတွေများနေသမျှ ဘာမှတိုးတက်မှာ မဟုတ်ဘူး။

ပြည်သူတွေပေးတဲ့အခွန်နဲ့ ထမင်းစားနေတဲ့ ဝန်ထမ်းတွေဟာလည်း ပြည်သူတွေပါပဲ။ သူတို့ခမျာ အခွန်ထမ်းဆောင်နိုင်လောက်အောင်အထိ တစ်နှစ်ဝင်ငွေ မရှိရှာတာကို ခင်ဗျားတို့ နားမလည်နိုင်လောက်အောင်ထိ ပိန်းပိတ်လွန်းတာ တိုင်းပြည်ရဲ့ ကံကြမ္မာပါပဲ။

လစာထုတ်ရက်မှာ အကြွေးနဲ့ အတိုးတွေဆပ်ရင်း ပါးရှားလာတဲ့ နေ့တွေမှာ လက်ဘက်ရည်ဖိုးလေး တစ်ထောင်ဟာ ထမင်းနဲ့ ဟင်း ၂ နပ်စာ စားလို့ ရတယ်ဆိုတာ သိနိုင်ဖို့ကလည်း မလွယ်ပါဘူး။

စေတနာရှိလို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ပေးကမ်းလာတဲ့ လက်ဆောင်နဲ့ ငွေကြေးအနည်းအပါးဟာ လက်ခံလိုက်ရင် အသက်ရှုပိုချောင်သွားမှာ သိပေမယ့် မာနကြောင့် ငြင်းပယ်လိုက်
တဲ့သူတွေ ရှိနေသေးတယ်ဆိုတာ မယုံမရှိပါနဲ့။

တစ်နေ့ ၃ ထောင်နှုန်းနဲ့ တစ်လ ပျမ်းမျှ ၆ သောင်း လစာရတဲ့ နေ့စားလပေး ဝန်ထမ်းတွေ နေ့စားဘဝ ၂ နှစ်ကျော်သည်အထိ အမြဲတမ်းဝန်ထမ်း (ရုံးအကူ ၁ သိန်း ၂ သောင်းစား) မဖြစ်သေးသူတွေ ရှိနေကြတယ်ဆိုတာ မယုံမရှိပါနဲ့။

ကြိုးနီစနစ် ကြိုးနီစနစ်တဲ့။ အဲဒီ စနစ်ကို အခံရဆုံးဟာလည်း ဝန်ထမ်းတွေပါပဲလို့ ပြောရင် မယုံဘူး မဟုတ်လား။

ဝန်ထမ်းတွေကို ကြပ်ဖို့ပဲ (ကျပ်ဖို့သာပဲ) တွေးနေမယ်ဆိုရင်တော့ Clean လည်း ဖြစ်မှာ မဟုတ်သလို Good လည်း ဖြစ်လာမှာ မဟုတ်တာ သေချာပါတယ်။

အခက်အခဲရှိတိုင်း နှောင့်နှေးကြန့်ကြာမှုရှိတိုင်း အောက်ခြေဝန်ထမ်းတွေပဲ အပြစ်မြင်ပြီး စနစ်ကို မပြင်၊ လူကို ပြင်ချင်နေသမျှတော့ ရွှေပြည်တော် မျှော်တိုင်း ဝေးပါလေ ....

image

life | Ecency