ကမ္ဘာပေါ်က ကျော်ကြားတဲ့ ရုပ်တုများ

Words
178
Reading
1 min
Listen
Play
8y

လူသားတို့ဟာ သမိုင်းမှတ်တမ်းတွေ၊ အမှတ်အသားတွေ၊ ဂုဏ်ယူဝမ်းမြောက်မှုတွေအတွက် မျိုးဆက်သစ်လူငယ်တွေသိရှိအောင် နည်းလမ်းပေါင်းစုံနဲ့ ဖန်တီးခဲ့ကြလေ့ရှိသလို ရုပ်တုတွေကလည်း အဲဒီလုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ထင်ရှားကျော်ကြားတဲ့ ရုပ်တုတွေ အများအပြားရှိပြီး ရုပ်တုတည်ဆောက်ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်၊ အယူအဆအများအပြားလည်းရှိပါတယ်။ ဒါကြောင့် ပရိသတ်တွေ သိရှိလေ့လာနိုင်စေဖို့ ကမ္ဘာပေါ်က ထင်ရှားတဲ့ ရုပ်တုတွေအကြောင်း ဖော်ပြပါမယ်။
၁။ Statue of Libertyလေဘာတီရုပ်တုလို့ လူသိများတဲ့ ဒီရုပ်တုဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ မဟတ်တန်ကျွန်းပေါ်မှာ တည်ရှိပါတယ်။ ပြင်သစ်ပြည်သူတွေက အမေရိကန်နိုင်ငံကို ပေးအပ်တဲ့လက်ဆောင်ပစ္စည်းဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အမေရိကန် လွတ်လပ်ရေးကို တရားဝင်ကြေညာတဲ့ နှစ်၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီရုပ်တုဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ခြင်းကို ပြသတဲ့သင်္ကေတတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းသာမက ကမ္ဘာတစ်ဝန်းကျော်ကြားတဲ့ ရုပ်တုတစ်ခုလည်းဖြစ်ပါတယ်။
image
၂။ Christ the Redeemerဒီရုပ်တုကတော့ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျေနရိုးမှာရှိတဲ့ Corcovado တောင်ထိပ်ပေါ်မှာတည်ရှိပါတယ်။ ရုပ်တုရဲ့ အမြင့်က ၉၈ ပေခန့်ရှိပြီး ဘေးနှစ်ဖက်ကို ဖြန့်ကားထားတဲ့ လက် ၂ ဖက်ရဲ့ အကျယ်ကတော့ ၉၂ ပေခန့်ရှိပါတယ်။ ဒီရုပ်တုကို ၁၉၂၆ နဲ့ ၁၉၃၁ ခုနှစ်အတွင်း တည်ဆောက်ခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ Jesus ဘုရားသခင်ရဲ့ ရုပ်တုလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးခုမြောက်အကြီးဆုံး Jesus ဘုရားသခင်ရုပ်တုလည်းဖြစ်ပါတယ်။
၃။ The Great Sphinx of Gizaအီဂျစ်နိုင်ငံမှာတည်ရှိတဲ့ ရုပ်တုဖြစ်ပါတယ်။ ရှေးဟောင်းအီဂျစ်လူမျိုးတွေက ၂၅၅၈ နဲ့ ၂၅၃၂ ဘီစီအတွင်းတည်ဆောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အီဂျစ်ဒဏ္ဍာရီလာရုပ်တုတစ်ခုဖြစ်ပြီး ခြင်္သေ့ကိုယ်နဲ့ လူခေါင်းကို တွဲဖက်ဖန်တီးထားတာဖြစ်ပါတယ်။ အရှည် ၆၆ ပေကျော်၊ အကျယ် ၆၃ ပေခန့်ရှိကာ ကမ္ဘာ့အကြီးဆုံးကျောက်သားတွေနဲ့ဖန်တီးထားတဲ့ရုပ်တုဖြစ်ပါတယ်။
၎။ Moaiဒီရုပ်တုတွေကတော့ ချီလီနိုင်ငံ၊ အီစတာကျွန်းပေါ်မှာတည်ရှိတဲ့ ရုပ်တုတွေဖြစ်ပါတယ်။ လူပုံသဏ္ဍာန်ကျောက်သားရုပ်တုတွေဖြစ်ပါတယ်။ ဒီကျောက်တုံးတွေဟာ ၁၂၅၀ နဲ့ ၁၅၀၀ ခုနှစ်တွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ ကျောက်တုံးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရုပ်တုတွေထဲမှာ အမြင့်ဆုံးရုပ်တုကို Paro လို့ ခေါ်ပြီး အမြင့် ၃၃ ပေ၊ အလေးချိန် ၇၅ တန်ရှိတယ်လို့ သိရပါတယ်။ ခရီးသွားတွေ စိတ်ဝင်တစားသွားရောက်လေ့လာကြလေ့ရှိတဲ့ ရုပ်တုတွေလည်းဖြစ်ပါတယ်။
၅။ The Terrace of the Lions
ဂရိနိုင်ငံ၊ Delos ကျွန်းပေါ်မှာတည်ရှိတဲ့ ခြင်္သေ့ရုပ်တုတွေဖြစ်ပါတယ်။ Delos ကျွန်းဟာ ဒဏ္ဍာရီ၊ သမိုင်းနဲ့ ရှေးဟောင်းဗိသုကာလက်ရာတွေ ထုံမွှမ်းနေတဲ့ ကျွန်းလည်းဖြစ်ပါတယ်။ဒီခြင်္သေ့ရုပ်တုတွေဟာ ၆၀၀ ဘီစီမတိုင်မီက ဒဏ္ဍာရီတွေနဲ့ ဆက်စပ်ပေါ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂရိလူမျိုးတွေရဲ့ အလေးအမြတ်ထားရတဲ့ ရုပ်တုတွေဖြစ်ပြီး စကျင်ကျောက်တွေနဲ့ ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ ရုပ်တုအနည်းငယ်သာ ကျန်ရှိတော့ပြီး မူရင်းရုပ်တုတွေကတော့ ၁၉၉၉ ခုနှစ်မှာ Delos ပြတိုက်ကို ပြောင်းရွှေ့ပြသခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်က ကျော်ကြားတဲ့ ရုပ်တုများ | Ecency