This content got low rating by people.

Kiaက

Words
42
Reading
1 min
Listen
Play
8y

အချို့သော ကိစ္စတွေဟာ နှလုံးသားနဲ့ ခံစားဖို့ပဲ ထိုက်တန်ပါတယ်။
အမြတ်ထုတ်တာ၊ မျက်ရည်ချူတာ၊ စဉ်းစားတာ၊ သုံးသပ်တာ၊ အဖြေထုတ်တာတွေဟာ အသုံးမဝင်ပါဘူး။
လူတစ်ဦး အဖြစ်ဆိုးတစ်ခုနဲ့ သေဆုံးသွားတယ်။
လူသားဆန်ဆန် တုံ့ပြန်လိုက်တယ်။
ဒါပါပဲ.... ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တွေလို သာမန်လူတွေနဲ့ ကွာခြားသွားတဲ့ အချက်ပါပဲ။
အခုလည်း လာပြီ။
image
မနေ့တနေ့က KIAက ဝင်တိုက်တာ ဖားကန့်မှာ အတော်အကျအဆုံးများဟန်တူတယ်။
ပုံတွေ ဗီဒီယိုဖိုင်တွေမြင်ရတာလည်း စိတ်မချမ်းသာပါဘူး။ အောက်ခြေစစ်သားတွေသေတာ ဝမ်းသာစရာမရှိသလို ဝင်ဆဲနေတဲ့အချို့ကိုလည်း အတော်ရွံပါတယ်။လူဟာ လူစိတ်မရှိရင် ဘာအသွေးအရောင်တွေပဲ တံဆိပ်ကပ်ကပ် လူဖြစ်လာမှာမှ မဟုတ်တာ။

Kiaက | Ecency