သင်္ကြန်

soeyan(47)
Published in
#myanmar
Words
145
Reading
1 min
Listen
Play
9y

ဒီ​နေ့​တော့သင်္ကြန်​နားနီးလာတဲ့အတွက်​ သင်္ကြန်​အ​ကြောင်း​လေး ​ရေးချင်​စိတ်​ဖြစ်​လာလို့ sharing လုပ်​ပါရ​စေ။ ကျွန်​​တော်​ အရင်​ကသိ​သော သင်္ကြန်​အ​ကြောင်းကို စ​ပြောပါရ​စေ. မြန်မာ လူမျိုးတ​ယောက်​ဖြစ်​တဲ့အတွက်​ သင်္ကြန်​ကို မြန်​မာနှစ်​သစ်​ကူး လို့ ကျွန်​​တော်​သိခဲ့တယ်​ ဒါ​ပေမဲ့ ကျွန်​​တော်​မသိတာက ဘာလို့ ​ရေ​လောင်း ​​ရေပက်​တာလဲ ကျွန်​​တော်​မသိခဲ့ဘူး နှစ်​ကူးပြီဆို အသက်​က တစ်​နှစ်​ကြီးသွားပြီ​လေ ဘာလို့လူ​တွေ အသက်​ကြီးလာကို​ပျော်​​နေတာလဲ ကျွန်​​တော်​စဉ်းစားမရ​အောင်​ကိုဖြစ်​မိတယ်​ ဒါ​ပေမယ့်​ တချို့ ကကုသိုလ်​​ကောင်းမှု​တွေလုပ်​ကြတယ်​ တချို့က တရားစခန်း​တွေ ၀င်​ကြတယ်​ ဘယ်​ဟာက အမှန်​လဲကျွန်​​တော်​မသိခဲ့ဘူး image
အခု သိခဲပါပြီ သင်္ကြမှာဘာလို့​ရေ​လောင်းတာလဲ ။ ကျွ​န်ေ​တာ်​တို့ဗမာလူမျိုး​တွေဟာအရင်​က ဒိဌိ​တွေပါ အ​နော်​ရထာမင်းကြီး​ကြောင့်​ သာသထုံက​နေ ပိဋကဒ်​ ၃ပုံကိုပင့်​​ဆောင်​ခဲ့လို ဗုဒ္ဓဘာသာထွန်းကားခဲ့တာပါ အဲ့ဒီမတိုင်​ခင်​ ဘုရားလက်​ထက်​ကတည်းက ဒိဌိ ​တွေဟာနှစ်​ကူးပြီဆို ​မြစ်​​ချောင်း ​တွေထဲမှာ ​ရေစိမ်​ခံပါတယ်​ ဘာ​ကြောင့်​လဲဆို​တော့ အရင်​နှစ်​ကအညစ်​အ​ကြေး​တွေ မရှိ​တော့​အောင်​ ဆိုပြီးလုပ်​ကြပါတယ်​ image
ဘုရားရှင်​လက်​ထက်​ အနာထပိန်​ သူ​ဌေးကြီးရဲ့ ၉၉​ယောက်​​မြောက်​ ကျွန်​က​မွေးဖွားတဲ့ ခုနစ်​နှစ်​သမီးကျွန်​မ​လေးဟာ မြစ်​ဆိပ်​မှာ ​အ၀တ်​​လျှော်​ပန်းကန်​​ဆေး​နေတဲ့ အချိန်​ သူ​ဌေး တစ်​​ယောက်​ဟာမြစ်​ထဲဆင်းသွား သွားပြီး​ရေထဲမှာ​နေ​နေတာ ကို​တွေ့​တော့ က​လေးမ​လေးက ဦး​လေးဘာလုပ်​​နေတာလဲလို့ ​မေးလိုက်​သတဲ့ အဲဒီအချိန်​မှာသူ​ဌေးက နှစ်​ကူးပြီဆို​တော့ အရင်​နှစ်​က အညစ်​အ​ကြေး အကုသိုလ်​​တွေ ​ရေထဲပါသွား​အောင်​ ​ရေထဲမှာ​နေ​နေတာလို့ပြန်​​ဖြေလိုက်​တယ်​ က​လေးမ​လေးကသူ​တော်​​ကောင်းမ​လေး အနာထပိန်​ ရဲ့ကျွန်​မ​လေးဖြစ်​တဲ့အတွက်​ ဦး​လေး 
"​ရေက ကုသိုလ်​ အကုသိုလ်​ ​ခွဲခြားတတ်​လား"လို့​မေးလိုက်​​ ​တော့ ဘယ်လိုလုပ်​​ခွဲခြားတတ်​ မလဲလို့ပြန်​​ဖြေ လိုက်​တယ်​။ ဒါဆို ဦး​လေး ဒီလို​ရေထဲမှာ​နေ​နေ​တော့ အရင်​ကလုပ်​ထားတဲ့ကုသိုလ်​​တွေပါ​ရေထဲမှာပါသွားမှာ​ပေါ့လို့​ပြောလိုက်​တဲ့ အခါ သူ​ဌေးဟာ​ရေထဲက ​နေအတင်း​ပြေးတက်​လာပြီး က​လေးမ​လေး ကို​ကျေးဇူးတင်​​ကြောင်းဒီအသိ​တွေ ကိုဘယ်​ကရလဲဆိုတာ​တွေ​ကို ​မေးမြန်းစုံစမ်းပြီး ထွက်​သွားပါ​လေသတဲ့
ဒီအ​ကြောင်းကိုသိ​တော့မှ တချို့လူ​တွေဟာသင်္ကြန်​မှာ ​ရေကစားကြတယ်​ တချို့လူ​တွေဘာ​ကြောင့်​ ကုသိုလ်​​ကောင်းမှု​တွေလုပ်​ တရားစခန်း​တွေ ၀င်​ကြသလဲဆိုတာကို သ​ဘော​ပေါက်​​တော့တယ်​ image
သင်္ကြန်​ ဆိုတာ သင်းကျန်​ဆိုတဲ့ စကားကဆင်းသက်​လာပါတယ်​ သချိုင်္င်း ​ရောက်​မဲ့ရက်​က နည်းနည်းပဲ ကျန်​​တော့ လို့ သင်းကျန်​ ကြာလာ​တော့ သင်္ကြန်​ ဖြစ်​လာတာပါ အသက်​တစ်​နှစ်​ ကြီးလာ​တော့ သချိုင်္င်း​ရောက်​မို့ တစ်​နှစ်​နီးလာ ပြီ​လေ ဒါဟာ အခုကျွန်​​တော်​သိ​သော သင်္ကြန်​ပါ image
ဖတ်​ရှုသူအားလုံး အသိတစ်​ခု ရကြပါ​စေလို့ဆု​တောင်းလျက်​........
Msc 236
soeyan@soeyan
credit photo facebook

သင်္ကြန်​ | Ecency