အပိုင်း (၂)
ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်မှူးမျိုးဝင်း နဲ့သွားတွေ့တယ် သူကရုံးအဖွဲ့မှူးဆိုတော့မာနကြီးမယ်ပဲထင်ခဲ့တာ သူရုံးခန်းဝင်တော့ညီလေးထိုင်ဆိုပီ ကျွန်တော့်အကြောင်းမေးတာပေါ့ ပြီးတော့ သူမေးခွန်းတစ်ခုထပ်းမေးလိုက်တယ် ညီလေး တနေ့ဘယ်နှစ်နာရီရှိလဲ?တဲ့ ကျွန်တော်သွပ်သွပ်ပဲ ဖြေလိုက်တယ် ၂၄ နာရီလို့
နောက်ထပ်မေးတယ် ၃ပုံ ပုံမယ်ကွာ တစ်ပုံ ဘယ်နှစ်နာရီလဲ? ခက်မှမခက်တာ ၈နာရီလို့ဖြေလိုက်ပြန်ရော ရောနောက်ဆုံးတစ်ခုထပ်မေးတယ် ပထမ ၈နာရီကအလုပ်လုပ်ချိန်တဲ့ ဒုတိယ ၈နာရီက အိပ်ချိန် ကျန်တဲ့ ၈နာရီ မှာညီလေးကိုယ်ပိုင်အလုပ် ဘာလုပ်လဲ? တဲ့ကျွန်တော်ဆွံ့အသွားတယ်ဗုဒ္ဓဘာသာကိုးကွယ်ပီး ဘာသာရေးအကြောင်း နကန်းတစ်လုံးမှမသိပါလားရှက်လည်းရှက်မိတယ် ငါဒီအသက်ရောက်နေပီ ဘာသာရေးအသီမရှိပါလားလို့သိလိုက်တယ် သူကတော့ ဘုရားရှိခိုးပုတီးစိပ်ပေါ့လို့ ဖေးဖေးမမပြောပါတယ်
ကျွန်တော်နေပြည်တော်ကပြန်လာပီဒီနေ့ဒီအချိန်ထိ သူစကားတွေမမေ့သေးပါဘူး
အိမ်ရောက်တော့ သူပြောတဲ့အထဲက "ကိုယ်ပိုင်အလုပ် " ဆိုတာ သိဖို့ကြိုးစားရင်း "ဗုဒ္ဓဘာသာဝင်"ရဲ့ အဓိပ္ပါယ်ကိုသိခဲ့ရတယ် ဗုဒ္ဓက ဘုရား ဘာသာက စကား
ဝင် က နားထောင်တာ ဪ ဘုရားစကားနားထောင်တာပါလားလို့ သိလိုက်ရတယ်
ဘုရားကဘာလို့ဘုရားဖြစ်တာလဲ ? သစ္စာသိလို့
ဘုရားဘာစကားပြောလဲ? သစ္စာစကားပြောတယ်
ဒါဆို ဗုဒ္ဓဘာသာ ဆိုရင် "သစ္စာ ၄ ပါး"ကို သိအောင်လုပ်ရမှာပါလာဆိုတာ ကိုသိလာခဲ့တယ်
စားနေဝတ်အတွက်ရှာနေတာ ကဘုံဆိုင်
ကိုယ်ပိုင်အလုပ် ကိုယ့်ပေါ်မူတည်တယ် ကုသိုလ်လုပ်ချင်သလား သမထ လုပ်ချင်လား ဝိပဿနာလုပ်ချင်သလား ဆိုတာကိုယ်တိုင်ရွေးရမယ်ဆိုတာသိလာတယ် ဗုဒ္ဓဘာသာဝင်မှန်ရင် ဘုရားစကားနားထောင်ရမယ် ဘုရားကသစ္စာတရားဟောတယ် သစ္စာသိဖို့ဆို "ဝိပဿနာ" တရား အားထုပ်ရမယ်ဆိုတာကိုရှင်း ရှင်းလင်းလင်းသဘောပေါက်လိုက်တယ်
နည်းနည်းရှည်သွားပီ အစားဆိုတာများများရင် နင်တတ်တယ် စာလည်းများများဖတ်ရင်ပျင်းတတ်တယ်
အပိုင်း (၃) တွင်ဆက်လက်ရေးပါမည်
msc 236
@soeyan