တံငါဟင်း

Words
181
Reading
1 min
8y
Listen to this post
~1 min

ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ တံငါဟင်းချက်ပြုတ်နည်းအကြောင်းတင်ပြချင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၁။ ဝက်သားပြားအလွှာ၊ ၂။ ထောပတ်၊ ၃။ ကြက်သွန်နီဥကြီး၊ ၄။ ကြက်သွန်ဖြူ၊ ၅။ တရုတ်နံနံ၊ ၆။ စမုန်ဖြူရွက် (သို့) စမုန်ဖြူအခြောက်၊ ၇။ ခရမ်းချဉ်သီးမှည့်၊ ၈။ ဝိုင်ဖြူ၊ ၉။ ငါးပြုတ်ရည်၊ ၁ဝ။ အာလူး၊ ၁၁။ ငါးအသားလွှာ၊ ၁၂။ ဆားနဲ့ငရုတ်ကောင်းမှုန့်အမည်းတို့ ဖြစ်ပါတယ်။

ချက်ပြုတ်ပုံကတော့ ပထမဦးစွာ ဝက်သားပြားအမြှောင်းတွေကို ဒယ်အိုးကြီးတစ်လုံးမှာထည့်ပြီး မီးအသင့်အတင့်နဲ့ ကြွပ်ရွတဲ့အထိ မဟုတ်ပဲ အညိုရောင်သမ်းရုံကြော်ပေးပါ။ အိုးထဲကနေ ဆယ်ပြီး ဆီစစ်ထားပါ။ အဲဒီနောက်မှာတော့ ဒယ်အိုးထဲထောပတ်ထည့်ပါ။ ကြက်သွန်နီတွေထည့်ပြီး ပျော့သွားအောင် ၅ မိနစ်ခန့် မွှေကြော်ပေးပါ။ အဲဒီနောက်မှာ ကြက်သွန်ဖြူနဲ့ အမွှေးအကြိုင်ရွက်တွေ ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးပါ။ ပြီးရင် ခရမ်းချဉ်သီး၊ ဝိုင်ဖြူနဲ့ ငါးပြုတ်ရည်တို့ကို ထည့်ပါ။ ဆူအောင်တည်ပါ။ ပြီးရင်တော့ မီးလျှော့ပါ။ အဖုံးအုပ်ပြီး ပွက်ရုံအနေအထားအတိုင်း ဟင်းကို ၁၅ မိနစ်ခန့်ဆက်တည်ပါ။ အာလူးထည့်ပါ။ အဖုံးပြန်ဖုံးပါ။ ၁၂ မိနစ်ခန့် အာလူးနူးအောင်တည်ပါ။ အဲဒီနောက်မှာတော့ ငါးအသားတုံးတွေနဲ့ ကြော်ထားတဲ့ဝက်သားပြားတွေကို ထည့်ပါ။ အဖုံးဖွင့်ရင် ပွက်ရုံလေး ၅ မိနစ်ခန့် ဆက်တည်ပါ။ ငါးများကျက်ပြီး အာလူးနူးလာရင် အရသာကို လိုသလို ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။ဒီတစ်ပတ်ရဲ့ Food Recipe ကဏ္ဍမှာတော့ တံငါဟင်းချက်ပြုတ်နည်းအကြောင်းတင်ပြချင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၁။ ဝက်သားပြားအလွှာ၊ ၂။ ထောပတ်၊ ၃။ ကြက်သွန်နီဥကြီး၊ ၄။ ကြက်သွန်ဖြူ၊ ၅။ တရုတ်နံနံ၊ ၆။ စမုန်ဖြူရွက် (သို့) စမုန်ဖြူအခြောက်၊ ၇။ ခရမ်းချဉ်သီးမှည့်၊ ၈။ ဝိုင်ဖြူ၊ ၉။ ငါးပြုတ်ရည်၊ ၁ဝ။ အာလူး၊ ၁၁။ ငါးအသားလွှာ၊ ၁၂။ ဆားနဲ့ငရုတ်ကောင်းမှုန့်အမည်းတို့ ဖြစ်ပါတယ်။

ချက်ပြုတ်ပုံကတော့ ပထမဦးစွာ ဝက်သားပြားအမြှောင်းတွေကို ဒယ်အိုးကြီးတစ်လုံးမှာထည့်ပြီး မီးအသင့်အတင့်နဲ့ ကြွပ်ရွတဲ့အထိ မဟုတ်ပဲ အညိုရောင်သမ်းရုံကြော်ပေးပါ။ အိုးထဲကနေ ဆယ်ပြီး ဆီစစ်ထားပါ။ အဲဒီနောက်မှာတော့ ဒယ်အိုးထဲထောပတ်ထည့်ပါ။ ကြက်သွန်နီတွေထည့်ပြီး ပျော့သွားအောင် ၅ မိနစ်ခန့် မွှေကြော်ပေးပါ။ အဲဒီနောက်မှာ ကြက်သွန်ဖြူနဲ့ အမွှေးအကြိုင်ရွက်တွေ ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးပါ။ ပြီးရင် ခရမ်းချဉ်သီး၊ ဝိုင်ဖြူနဲ့ ငါးပြုတ်ရည်တို့ကို ထည့်ပါ။ ဆူအောင်တည်ပါ။ ပြီးရင်တော့ မီးလျှော့ပါ။ အဖုံးအုပ်ပြီး ပွက်ရုံအနေအထားအတိုင်း ဟင်းကို ၁၅ မိနစ်ခန့်ဆက်တည်ပါ။ အာလူးထည့်ပါ။ အဖုံးပြန်ဖုံးပါ။ ၁၂ မိနစ်ခန့် အာလူးနူးအောင်တည်ပါ။ အဲဒီနောက်မှာတော့ ငါးအသားတုံးတွေနဲ့ ကြော်ထားတဲ့ဝက်သားပြားတွေကို ထည့်ပါ။ အဖုံးဖွင့်ရင် ပွက်ရုံလေး ၅ မိနစ်ခန့် ဆက်တည်ပါ။ ငါးများကျက်ပြီး အာလူးနူးလာရင် အရသာကို လိုသလို ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

တံငါဟင်း | Ecency