ဆိုး​ေ​ဆး

Words
53
Reading
1 min
8y
Listen to this post
~1 min

အခုခေတ်ကတော့ ဆံပင်ကိုပုံစံအမျိုးမျိုး ပြုပြင်ပြောင်းလဲကြတဲ့ဓလေ့က သိပ်ကို ခေတ်စားနေတာဖြစ်ပါတယ်။
ဆံပင်လေးကို အရောင်လေးဆိုးလိုက်ရတာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် သတိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ကိုယ်လိုချင်တဲ့အရောင်ကို Beauty Salon မှာသေချာပြပါ။ ပုံလေးတွေယူသွားပြီးပြရင် ပိုပြီးအဆင်ပြေမှာပါ။ ကိုယ့်စိတ်ကြိုက် အရောင်ဖန်တီးပေးတဲ့အခါ အသုံးဝင်ပါတယ်။

(၂) နေရောင်ခြည်ကြောင့် ဆံပင်အရောင်လွင့်နိုင်ပါတယ်။ ခေါင်းလျှော်ရည်တွေ၊ ပျော့ဆေးတွေကလည်း အရောင်တောက်အောင်မဖန်တီးပေးနိုင်ပါဘူး။

(၃)အရောင်ဆိုးပြီးတဲ့အခါမှာလည်း ဆံပင်ကိုမလျှော်ဘဲ လေး၊ငါးရက်ထားပေးစရာ မလိုအပ်ပါဘူး။ ဒီနေ့ဆံပင် ဆိုးပြီးသွားလို့နောက်နေ့ ခေါင်းလျှော်မယ်ဆိုရင်လည်း အရောင်လွင့်သွားမှာမဟုတ်ပါဘူး။

(၄) ဆံပင်အရောင်တွေကို ထိန်းသိမ်းနိုင်ဖို့ အရောင်ဆိုးထားတဲ့ဆံပင်တွေအတွက် သီးသန့် ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေကိုရွေးချယ်အသုံးပြုပါ။

(၅) ရေကူးကန်ထဲက ကလိုရင်းခေတ်ထားတဲ့ရေတွေက ဆံပင်အရောင်ကိုပျက်စီးစေပါတယ်။ ဒီလိုပျက်စီးတာကိုကာကွယ်ဖို့ ရေကူးကန်ထဲရေဆင်းကူးတဲ့အခါ ရေစိုခံခေါင်းဆောင်းကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။