လက်ရှိကာလဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လဖြစ်ပါတယ်။
ဒါကြောင့် ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လနဲ့ပတ်သက်တဲ့အချက်အလက်တချို့ကို ရေးသားဖော်ပြပါမယ်။ ကဆုန်လဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ဒုတိယလဖြစ်ပြီး ရက်ပေါင်း ၃ဝ ရက်ရှိပါတယ်။ ရက်စုံတဲ့လဖြစ်တယ်လို့ ဆိုပါတယ်။ ပုဂံကျောက်စာတို့မှာ ကုဆုန်ဆိုတဲ့အရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဆိုတဲ့ ကွဲလွဲချက်တွေကို တွေ့ရပေမယ့်လည်း သဘောကတော့ တူတူချည်းဖြစ်ပြီး ကုဆုန်ကို အရင်းခံတာလို့ ဆိုရပါမယ်။ ကုဆုန်ဆိုတဲ့ စကားမှာ ကုက ရေကို ဆိုလိုတာဖြစ်ပြီး ဆုန်ကတော့ စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ကုကနေ အဖြစ် “က” အဖြစ်ရွှေ့လျားပြောင်းလဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ “ရေသွန်းလောင်းတဲ့လ” လို့ ဆိုပါတယ်။ ဆယ့်နှစ်လရာသီဘွဲ့တွေမှာ ကဆုန်ညောင်ရေသွန်းခြင်းကို အဓိကပြုဖွဲ့ဆိုထားတဲ့အတွက် ရေသွန်းလောင်းခြင်းက ညောင်ရေသွန်းခြင်းပင်ဖြစ်တယ်လို့ မှတ်ယူရပါလိမ့်မယ်။ ကဆုန်လဟာ ခရစ်ပြက္ခဒိန်မှာ ဧပြီလနဲ့ မေလအတွင်းကျရောက်လေ့ရှိပြီး လွန်ပူပြင်းလွန်းတဲ့နွေရာသီရဲ့ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရတယ်လို့ ယူဆကြပါတယ်။ ကဆုန်လရဲ့ အထိမ်းအမှတ်ပန်းကတော့ စကားပန်းဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိကာလဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လဖြစ်ပါတယ်။
ဒါကြောင့် ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လနဲ့ပတ်သက်တဲ့အချက်အလက်တချို့ကို ရေးသားဖော်ပြပါမယ်။ ကဆုန်လဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ဒုတိယလဖြစ်ပြီး ရက်ပေါင်း ၃ဝ ရက်ရှိပါတယ်။ ရက်စုံတဲ့လဖြစ်တယ်လို့ ဆိုပါတယ်။ ပုဂံကျောက်စာတို့မှာ ကုဆုန်ဆိုတဲ့အရေးအပြင် ကုဆုန်၊ ခူဆုန်၊ ခုဆုန်ဆိုတဲ့ ကွဲလွဲချက်တွေကို တွေ့ရပေမယ့်လည်း သဘောကတော့ တူတူချည်းဖြစ်ပြီး ကုဆုန်ကို အရင်းခံတာလို့ ဆိုရပါမယ်။ ကုဆုန်ဆိုတဲ့ စကားမှာ ကုက ရေကို ဆိုလိုတာဖြစ်ပြီး ဆုန်ကတော့ စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ကုကနေ အဖြစ် “က” အဖြစ်ရွှေ့လျားပြောင်းလဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ “ရေသွန်းလောင်းတဲ့လ” လို့ ဆိုပါတယ်။ ဆယ့်နှစ်လရာသီဘွဲ့တွေမှာ ကဆုန်ညောင်ရေသွန်းခြင်းကို အဓိကပြုဖွဲ့ဆိုထားတဲ့အတွက် ရေသွန်းလောင်းခြင်းက ညောင်ရေသွန်းခြင်းပင်ဖြစ်တယ်လို့ မှတ်ယူရပါလိမ့်မယ်။ ကဆုန်လဟာ ခရစ်ပြက္ခဒိန်မှာ ဧပြီလနဲ့ မေလအတွင်းကျရောက်လေ့ရှိပြီး လွန်ပူပြင်းလွန်းတဲ့နွေရာသီရဲ့ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရတယ်လို့ ယူဆကြပါတယ်။ ကဆုန်လရဲ့ အထိမ်းအမှတ်ပန်းကတော့ စကားပန်းဖြစ်တယ်လို့ ဆိုပါတယ်။