S M T Corporation

Words
121
Reading
1 min
Listen
Play
9y

ဖတ်ပါ။ pin msg ကိုအမြဲဝင်တာနဲ့ကြည့်ပါ။ကျနော်တို့ အဖွဲ့စုစုစည်းစည်းနဲ့ စတင်ခဲ့တာ နှစ်ပတ်ပြည့်ပါတော့မယ်။ကျနော် ဒီ gp ကိုစဖွဲ့တဲ့ရည်ရွယ်ချက်က ကျနော့လို ယောင်နေတဲ့လူအချင်းချင်း ကူညီလေ့လာလက်တွဲဖို့ပါ။ အစက ရည်ရွယ်ချက်ကြီးမားပါတယ်။ အခုလို group မျိုးအများကြီး organize လုပ်ပေးဖို့ပါ။ဒါပေမယ့် ကျနော်မလုပ်နိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့ steemit မှာ လူအမျိုးမျိုးတွေ့ရပါတယ်။မြန်မာအများစုက ကောက်ရိုးမီးပါ။ ငွေရတယ်ဆိုတိုင်းနဲ့ သူများလုပ်လို့လိုက်လုပ်ပြီး ရတာနည်းတော့ စိတ်မပါတော့တာတွေ အခြားနည်း မစဉ်းစားပဲလက်လျှော့သွားတာတွေတွေ့ရပါတယ်။ဘယ်နေရာမှငွေလွယ်လွယ်မရတာ သတိချပ်စေချင်ပါတယ်။ အဲဒီတော့ sub gp တွေထပ်ခွဲပြီး member အသစ်လေးတွေကို organize မလုပ်သေးခင်မှာ ဒီမှာလုပ်စရာတွေအများကြီးတွေ့လာပါတယ်။ ကျွန်တော်တို့ gp မှာ အချင်းချင်း vote တာ အခြေခံ Activityပါ။ရတာနည်းလို့ စိတ်ဓါတ်မကျပါနဲ့။ အခြားနည်းနဲ့ ငွေရမယ့်နည်းတွေကို ရှားရှားပါးပါး Admin 3 ယောက်က ရှိသမျှဥာဏ်နီဥာဏ်နက်သုံးပြီးလေ့လာ မျှဝေပေးနေပါတယ်။ဒီနေရာမှာ ကျနော်တို့ကိုသင်ပေးမယ့်လူမရှိတာသတိရပါ။ ကိုယ့်ဘာသာကိုယ် လေ့လာနေရတာဖြစ်ပါတယ်။ မကြာခင်မှာ စမ်းသပ်ဆဲ Plan အချို့ချပြနိုင်မယ်မျှော်လင့်ပါတယ်။
ကျနော်တို့မှာ အခြေခံမတူကြပါဘူး။အချို့ကပိုမြင်တတ်တာ့ ပိုရပါတယ်။ စိတ်ဓါတ်မကျပါနဲ့။ လိုက်နိုင်သမျှလိုက်ပါ။ မလိုက်နိုင်ရင်တောင် အခြေခံ activity လေးကိုတော့ မပျက်ကွက်စေချင်ပါ။ ကျနော်တို့ power ကြီးလာရင် bro တို့လည်းရမှာပါ။
အချင်းချင်း ကိုယ်သိထားသမျှ သင်ပေးဖို့ဝန်မလေးပါနဲ့။ သူသိသွားလို့ သူ့ power ကြီးလာရင် သူ့ upvote ကကိုယ့်အတွက်ပါ။
ဇွဲရှိတဲ့သူတွေကျန်ပါမယ်။ညီညွတ်တဲ့သူတွေကျန်ပါမယ်။ ကူညီတတ်တဲ့သူတွေကျန်ပါမယ်။ ရေရှည်မြင်တတ်တဲ့သူတွေကျန်ပါမယ်။ကျေးဇူးတင်ပါတယ်။ ဒါပြီး ရင် နောက်လာမယ့် group အသစ်တွေmember အသစ်တွေအတွက် bro တို့က မျှဝေပေးသူဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။ Lets move forward together.

S upport each together
M oving forward together
T rain and learn together

Crd; admin
image

S M T Corporation | Ecency