Inportant for you

Words
223
Reading
1 min
Listen
Play
8y

ဒီတင်ပြချက်ကို ဆုံးအောင် ဖတ်စေချင်မိပါတယ်

(၁)
ဒီpostကိုဖတ်တဲ့အခါမှာ လီိုနာဒိုဒါဗင်ချီကို ရှင်သာရိပုတ္တရာ သိနိုင်မသိနိုင်ဆိုတဲ့အချက်ပါပါတယ်

ဘုရားအထက်အရင် ပရိနိဗ္ဗာန်ပြုတဲ့ ရှင်သာရိပုတ္တာဟာ ၁၅ရာစုလောက်မှ ပေါ်တဲ့ ဒါဗင်ချီကို ဘယ်နည်းနဲ့ မှ မသိနိုင်ဘူး
ဒါပေမယ့်
အဲ့ဒါက အရေးမကြီး
သဘောတရားကိုပဲရေးပြချင်တာ

ငရဲပြည်ကနေ ရှင်သာရိပုတ္တာဆီ ဆက်သွားတဲ့အခါမှာလည်း
ဖတ်သူတွေရောထွေးသွားနိုင်တယ် ဆိုတာသိတယ်
စာတစ်ကြောင်းထပ်ဖြည့်ပြီး
တည်နေရာပြောလည်း ရတယ်
ဒါပေမယ့် အဲ့ဒါကလည်း ဒီpostရဲ့ ဆိုလိုရင်းမဟုတ်ဘူး

ဒါကြောင့် ဒီpostကို How do you see? လို့  ခေါင်းစဉ်တပ်လိုက်တယ်

(၂)
ဗုဒ္ဓဘာသာနဲ့ ပက်သတ်ရင် လူတန်းစားနှစ်ရပ်ကို သိသာစွာမြင်ရမယ်
ဘာသာရေးဆိုင်ရာပွတ်တိုက်မှုဖြစ်နေတာလည်း အဲ့ဒိလူတန်းစားနှစ်ရပ် ကြောင့်ပဲ

ပထမလူတန်းစားက ယုံလိုဇော သိပ်ကြီးတဲ့ လူတန်းစား

ဒုတိယလူတန်းစားက မယုံလိုဇော သိပ်ကြီးတဲ့ လူတန်းစား

ပထမလူတန်းစားဟာ ပညာဆိုင်ရာအရည်အချင်းနည်းပြီး
ဒုတိယလူတန်းစားက သဒ္ဓါဆိုင်ရာ အရည်အချင်းနည်းတယ်

ဥပမာပြောရရင်

ရွှေတစ်ခုကိုပေးလိုက်တယ်
ဒါဟာ ရွှေအစစ်ဖြစ်တယ်

ဒါကို ပထမလူတန်းစားက ယုံပစ်လိုက်တယ်
ဆန်းစစ်ရကောင်းမှန်းမသိဘူး

ဒုတိယလူတန်းစားက ရွှေဆိုတာကို မယုံပြန်ဘူး
ဒါပေမယ့် ဆန်းစစ်ဖို့ ကျတော့ ပျက်ကွက်ပြန်တယ်
မယုံဘူးဆိုမယုံဘူး...

ကျနော်တို့ ကျတော့ ကျမ်းဂန်လာတွေကို ကိုယ့်ဥာဏ်မမှီတဲ့အခါ ခဏမေ့ထားလိုက်တယ်
ဟုတ်တယ်လို့ မယုံကြည်သေးသလို
မဟုတ်ဘူးလို့ လည်း မငြင်းဆန်ဘူး
ဒီအတိုင်းလေးပဲ မှတ်သားထားလိုက်တယ်

ဒါပေမယ့် ကိုယ်ဥာဏ်မီတဲ့ ကိစ္စမျိုးမှာ ယုတ္တိလွန်ဖွင့်ဆိုလာရင် ငြင်းပစ်လိုက်တယ်
ယုံကို မယုံတော့ဘူး

ဥပမာ နတ်ပြည်ဆိုရင် ယုံတယ်မယုံဘူးလို့  ကျနော် အငြင်းမပွားဘူး
မှတ်သားထားလိုက်တယ်

ဒါပေမယ့် မြင်းမိုရ်တောင်ရဲ့အမြင့် ယူဇနာ၈၄၀၀၀နဲ့ 
ကမ္ဘာ့ မြေသားထု ယူဇနာ ၂၄၀၀၀၀ကို ယတိပြတ်ငြင်းရဲတယ်
ဘာကြောင့်မှကို ဖာထေးတွေးပေးစရာမလိုသလို
သံသရာလွတ်ကြောင်းအတွက်လည်း အရေးပါတဲ့ကိစ္စတွေမဟုတ်ဘူး

ကိုယ်ပိုင်အသိတစ်ခုဖြစ်ဖို့  စဉ်းစားဆင်ခြင်ဥာဏ်လိုပါတယ်
ဗုဒ္ဓဘာပဲပြောခဲ့ပြောခဲ့
ကိုယ့်ဘက်က မဆင်ခြင် မစဉ်းစားဖူးသ၍ ကိုယ်ပိုင် အသိတစ်ခုဖြစ်မလာဘူး

(၃)
ဗုဒ္ဓဘာသာဟာ မယုံသူတွေကြောင့်သာ အငြင်းပွားစရာဖြစ်နေရတာမဟုတ်ဘဲ
ယုံပြလွန်းသူတွေကြောင့်လည်း အငြင်းပွားစရာဖြစ်ရတယ်

ငါကိုးကွယ်တဲ့ဘာသာဆိုတဲ့
အတ္တမာနတွေနဲ့  သိပ်ကို sensitiveဖြစ်ကြပြန်တယ်
ဒါကျနော့်စိတ်နဲ့ နှိုင်းပြီး ပြောတာပါ
ကျနော်လည်း သိပ်ကို ဆက်ဆက်ထိမခံဖြစ်ခဲ့ဖူးလို့ ပါ
ငါးရာ့ငါးဆယ် နိပါတ်တော်တွေနဲ့  ကြီးပြင်းခဲ့ရတဲ့ကျနော်ဟာ
ဗုဒ္ဓဘာသာကောင်းကြောင်းတွေချည်း ကြားခဲ့ရသူပါ
နည်းနည်းလောက်ဝေဖန်ခဲ့ရင်ကို မိစ္ဆာဒိဋ္ဌိဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ဖို့  သတ်ပစ်ချင်ခဲ့ဖူးတယ်

အခုကျနော့်လိုလူတွေကို
ကျနော် ပြန်ရင်ဆိုင်နေရပါပြီ
ဒီအတွက်လည်း သူတို့ အပေါ် နားလည်မှုရှိတယ်

မယုံကြည်သူနေရာကတော့ အဖြစ်သဘောနေခဲ့ဖူးတယ်
ကျနော့်အဖေကို မေးခွန်းပြန်ထုတ်တဲ့အခါ မယုံကြည်သူရှုထောင့်က မေးခွန်းပြန်ထုတ်တယ်

ကျနော့်အဖေကတော့ ကျနော့်ကို ဘယ်တုန်းကမှ မိစ္ဆာဒိဋ္ဌိလို့  မစွပ်စွဲခဲ့ဘူး
ကျနော်မေးတယ်ဆိုတာ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး
သံသယရှင်းချင်တာ
အားကောင်းတဲ့ အဖြေကို လိုချင်တာ
Reasonableဖြစ်တဲ့ အဖြေကို အားရတာ

သိပ်ကို ကျယ်ပြန့် များပြားတဲ့ ဗုဒ္ဓတရားတော်တွေကို ကုန်စင်အောင် လေ့လာလိုစိတ် (သဒ္ဓါ)
ကျနော့်မှာမရှိဘူး
ဒီလို သဒ္ဓါမရှိတော့ သဒ္ဓါက ထောက်ပံ့မယ့် ဝီရိယလည်း မရှိဘူး
ကုန်စင်အောင်လေ့လာနိုင်စွမ်း ပညာလည်း မရှိဘူး

ဒါပေမယ့် ဖမ်းဆုပ်မိထားတဲ့ တရားတော်အချို့ ကို သေချာနားလည်အောင် သိအောင် လေ့လာလိုစိတ်ကတော့ အပြည့်ရှိတယ်
အခုကျနော်ရေးပြပြောပြတဲ့ postတွေလည်း မနည်းတော့ပါဘူး
ဒါဟာ ကျနော်ဗုဒ္ဓဘာသာကို ဘယ်လိုနားလည် သဘောပေါက်ထားတယ်ဆိုတာကို မျှဝေတင်ပြခြင်းသာဖြစ်ပါတယ်
image
soesandar@soesandar

Inportant for you | Ecency