အမေ

soesandar(41)
Published in
#asia
Words
59
Reading
1 min
Listen
Play
9y

တက္ကသိုလ်​​ကျောင်းသား
သားလိမ္မာ​လေး..
ခရီး​ရောက်​မဆိုက်​ စား​သောက်​ဖို့
ပျော်​​ပျော်​ကြီး ချက်​လိုက်​ရတာဖြင့်​..
အ​မေ့မှာ ​ချွေးကျဖို့ပင်
အချိန်​မရ..။

သားလိမ္မာ​လေး
ထမင်းစား​သော်..
တလုတ်စားဝယ် တရက်အေ​​​မ့အသက်
ပိုရှည်သလို ထင်မှတ်​​နေအံ့။

ကျောင်းတက်​ရတာ
အဆင်​​ပြေလား စာလဲကျက်​​နော်​..
ပြော​သောအခါဝယ်
ဇနက ထုံး နှလုံးမူ၍ သားအမြဲကြိုးစား
အ​မေ့အတွက်​ပါ...။

သား၏စကား
ဆောင်း​လေတမျှ ​အေးချမ်းလှ၍
ကြည်​နူးဝမ်းသာ ​အ​မေ့ရင်​ထဲ..
ဖြစ်​လိုက်​တာမှ တဟုန်းဟုန်း...။

သားတို့ TU စာအုပ်​ဖိုးက
ရွှေထက်​​ဈေးကြီး အစချီ​သော်​..
အ​မေ့ရင်​ထဲ
အပူတလှိုင်း ဖြတ်​သွားသည်​ကို
သားလိမ္မာ​လေး မရိပ်​မိ​အောင်​..
ဖုံးဖိလိုက်​ရ အ​မောပင်​...။

သား၏ အပြန်
လိုတာထည့်​​ပေး
သားထွက်​သွား​သော်​..
အ​မေ့ရင်​ထဲ အပူလုံးက
မျက်​ရည်​လုံးထက်​ မသာခဲ့..။

အ​မေ့နား​ပေါက်
ဟောင်း​လောင်းဖြစ်​​နေ..
သားလိမ္မာ​လေး မသိခြင်းက
ဝမ်းသာခြင်းများ
ရင်​မှာဆို့လျက်​...။

image
SMT 13

အမေ | Ecency