အိမ်ထောင်ဦးစီတာဝန်

Words
46
Reading
1 min
Listen
Play
8y

ဆန်အိုးမှာ ဆန်မရှိတာ ငါနဲ့ဆိုင်တယ်

ဆီပုံးမှာ ဆီမရှိတာ ငါနဲ့ဆိုင်တယ်

မင်းနားမှာ နားကပ်မရှိတာ ငါနဲ့ဆိုင်တယ်

မင်းလုံချည်ပေါက်နဲ့နေတာ ငါနဲ့ဆိုင်တယ်

မင်းကျန်းမာရေးက ငါနဲ့ဆိုင်တယ်

ငါ့မိသားစုဆင်းရဲတာ ငါနဲ့ဆိုင်တယ်

ငါတို့ရဲ့ရတနာပန်း အစဉ်လန်းဖို့က မင်းနဲ့ငါဆိုင်တယ်

ငါစီးသမျှ ဆယ်ဖို့က မင်းနဲ့ဆိုင်တယ်

ပေါက်ဝင်စိမ့်ထွက် အရာမှန်သမျှ
ဖာဖို့က မင်းနဲ့ဆိုင်တယ်

လင်ကိုဘုရား ကိုးကွယ်ဖို့က မင်းနဲ့ဆိုင်တယ်

သားကိုသခင် ပြုစုစောင့်ရှောက်ဖို့က မင်းနဲ့ဆိုင်တယ်

ငါဖောက်တဲ့လမ်း ကြမ်းချင်ကြမ်းပစေ

ငါလျှောက်တဲ့လမ်း ခယောင်းလမ်းဖြစ်ပါစေ

မင်းစိတ်မပျက်ဖို့က မင်းရဲ့ခံယူမှုနဲ့ဆိုင်တယ်

တူယှဉ်ကာတွဲ တွဲလက်တွေ မဖြုတ်စတမ်းနဲ့

ခိုင်မြဲစွာဆုပ်ကိုင်လို့ သစ္စာတွေ မယိုင်ဖို့က

မင်းနဲ့ငါဆိုင်တယ်။

Smallbutterfly

image

အိမ်ထောင်ဦးစီတာဝန် | Ecency