ပဲ့ကိုင်ရှင်

skylay(44)
Published in
#myanmar
Words
45
Reading
1 min
Listen
Play
8y

45168919-stock-vector-cartoon-happy-family-father-holding-his-son.jpg

Photo credit

အဖေ.....
ဝမ်းနဲ့လွယ်ပြီးမမွေးခဲ့ပင်မဲ့
အနားမှာအမြဲတန်းရှိနေမပေးနိုင်ပင်မဲ့
နို့ချိုတွေမတိုက်ကျွေးခဲ့ပင်မဲ့
တေးသီချင်းတွေသီဆိုကာ
မချော့သိပ်ပင်မဲ့
သားတို့ကိုမိခင်နှင့်ထပ်တူ
မေတ္တာတရားကြီးမားပါသောအဖေ

အဖေ......
အဖေဘဲထတာစောတာလား
သားတို့ဘဲထတာနောက်ကျတာလား
သားတို့ထတဲ့အချိန်အဖေမရှိတော့ဘူး
သားတို့ဝမ်းစာလှဖို့အတွက်
နေရောင်မှိုင်းပြပြအချိန်မှာ
အဖေအလုပ်ကိုရောက်နှင့်နေပြီ

အဖေ......
သားတို့နေမကောင်းတဲ့အခါကျတော့
အဖေပြောတဲ့စကားက
အိမ်မှာသားတို့နားနေလိုက်ပါတဲ့
အဖေနေမကောင်းတဲ့အခါကျ
တစ်ရက်မှအလုပ်မပျက်ခဲ့ဘူး

အဖေ......
လောကဓံရဲ့နှိပ်စက်မှုတွေကို
ကြံကြံခံကာသားတို့ရှေ့မှာ
အမြဲတန်းအပြုံးမပျက်ခဲ့တဲ့ဖေဖေ
သားတို့ကိုလမ်းမှားမရောက်အောင်
အမြဲသွန်သင်ဆုံးမပေးခဲ့တယ်
အမြဲတန်းအားပေးခဲ့တယ်
ဂရုစိုက်ပေးခဲ့တယ်
ဘဝရဲ့ကဲ့ရဲ့ရှုတ်ချမှုတွေကြားမှာ
အပြုံမပျက်ခဲ့တဲ့...

အဖေဟာသားတို့ရဲ့ဘဝကိုလမ်းပြပေးတဲ့
ပဲ့ကိုင်ရှင်ပါဘဲ......

1540208183658.jpg

Photo>>> ko ko moe hein

Min Thi Ha
skylay@skylay

ကြိုးစားလျှက်ပါ.........