အချစ်နဲ့ ကျွန်တော်

skylay(44)
Published in
#myanmar
Words
65
Reading
1 min
6y
Listen to this post
~1 min

ဘယ်အရာမှ မမြဲဘူးဆိုတာ မင်းနဲ့ ဝေးပြီးတဲ့နောက်
ပိုပြီးနားလည်ခဲ့ရတယ်။
တခဏတာတွေကို တစ်ဘဝစာ ယုံစားလို့
ချစ်တက်သမျှ ပုံအော်ခဲ့လေတော့
သံသရာ တစ်ကွေ့မှာ သူမက နေရစ်ခဲ့ပါဆိုလို့
ကျွန်တော် ကြောင်တောင်တောင်နဲ့ ခြေစုံရပ်နေခဲ့ရတယ်။

သူမ ထားခဲ့တဲ့ တစ်ကွေ့မှာ ဟိုယောင်ဒီယောင်နဲ့
ယောင်တောင်တောင် အလွမ်းတွေကို ရင်ဝယ်ပိုက်ရင်း
ကယောင်ကတမ်း ထထအော်မိတာက
ကိုအငဲရဲ့ အချစ်ဟာ ခါး ခါး ခါး ခါးလွန်းတယ်ဟေ့...

နောင်တတွေက နောင်မချစ်တက်အောင်
အသိလေးရိုက်သွင်းပေးမှ ကျွန်တော်လည်း ရှေ့ဆက် ခရီးဆက်
နိုင်ခဲ့ပါတယ်။
သိပ်မကြာပါဘူး တစ်ကွေ့မှာ အချစ်ဓာတ်တွေ လျှပ်စီးလျှပ်သလို
ကိုယ်ထဲကို ဝင်ပူးကပ်လို့ သတိထားချစ်ခဲ့ပါတယ်။
ဒီတစ်ခါတော့ အချစ်က ဦးနှောက်နဲ့စဥ်းစားသတဲ့။
ဦးနှောက်က ပိုက်ဆံမပါတဲ့အချစ်ကို ခါးထောက်ကြည့်တော့
နှလုံးသားလေး မျက်နှာငယ်ပြီး လစ်ပြေးခဲ့ရပြန်တယ်။

နော်နော် သီချင်းလိုပဲ...

တော်ပြီ ...နောက်တစ်ခါဆို ချစ်ဖို့တွက်ငါ
နောင်ကျင်လို့သွားပြီ...

omejhc.jpg
Photo Credit >>>https://images.app.goo.gl/swt1kAjqpobh9A5h7

skylay@skylay

အချစ်နဲ့ ကျွန်တော် | Ecency