Steemit FAQ (General) - 2

Words
310
Reading
2 min
Listen
Play
9y

U5dtztWpSEEZdxqe4zZGvZbvLrm5zNn_1680x8400.jpg

MSC မိသားစုဝင်များ မင်္ဂလာပါ ခင်ဗျာ ……

ယခု post မှာ steemit FAQ အပိုင်းမှ အကြောင်းအရာ များကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။အမှား အယွင်းတစ်စုံတစ်ရာပါလျှင် ကျွန်တော်၏ အား နည်းချက်သာဖြစ်ကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။

steemit.png

6 • ၎င်း tokens များ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

Steem network သည် ဆောင်းပါးဖန်တီးသူများနှင့် ဖတ်ရှုသူများကို ဆုကြေးပေးရန် digital tokens များကို အဆက်မပြတ် ဖန်တီး ထုတ်လုပ်လျှက် ရှိပါ၏။

အသစ် ဖန်တီးထုတ်လုပ်လိုက်သော tokens များ အနက်မှ အချို့ကို post တင်ခြင်း | ဖတ်ရှု၍ မှတ်ချက် ရေးသားခြင်း အခြားသူတို့၏ posts များအား vote ပေးခြင်း စသည့် steemit ကိုပိုမို တန်ဖိုး တက်လာစေရန် လုပ်ဆောင်ပေးသည့် user များအား ခွဲတမ်းချ လွှဲပြောင်းပေးပါသည်။ကျန်သော token များကိုမူ STEEM Power ကိုင်ဆောင်ထားသူများနှင့် steemit blockchain ကို အားပေး ထောက်ပံ့ ထားသော witnesses များထံသို့ အချိုးကျခွဲဝေ ပေးမည် ဖြစ်ပါ၏။

images (3).jpg

7 • ၎င်းတန်ဖိုးများ မည်သည့်နေရာမှ လာသနည်း။

အခြေခံအားဖြင့် steemit သည် ရိုးရှင်းသော
points system တစ်ခုသာ ဖြစ်ပါသည်။၎င်း points system သည် blockchain ကို အခြေခံထားသည် ဆိုသော်လည်း ၎င်း points များကို tokens အဖြစ် မှတ်ယူ၍ market တွင် အရောင်းအဝယ် ပြုလုပ်နိုင်ပါသည်။

ထို့ပြင်များစွာသော steemit user များသည် steem နှင့်ပတ်သက်လျက် ရှိသည့် အမျိုးမျိုးသော ပိုမို သာလွန်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ရှိနိုင်ရန်အတွက် steem power အလို့ငှာ ၎င်း point များဖြင့် ပေးချေ၍ ကိုင်ဆောင်ထားခြင်းများ လုပ်ဆောင်နိုင်ပါသည်။

Steemit platform ထံသို့ တန်ဖိုးများ ပေါင်းထည့်ပေးခြင်း နှင့် ဆောင်းပါးများတင်ဆက်ခြင်း စသည်ဖြင့် လူအများ၏ အာရုံစိုက်မှု နှင့် ဆုကြေးများရရှိ လာရန် လုပ်ဆောင်ရသည့် game system တစ်ခု အဖြစ်လည်း မှတ်ယူနိုင်ပါသည်။ဆုကြေးအဖြစ်ရှိသော token များကို ဈေးကွက်ပေါက်ဈေးအရ လွယ်ကူ လျင်မြန်စွာ အရောင်းအဝယ် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

unnamed.jpg

ဥပမာ အားဖြင့် Video game ကစားသူတစ်ဦးသည် ၎င်း game ကို ကစားခြင်းဖြင့် သတ်မှတ်ထားသော point တစ်မျိုး သို့မဟုတ် currency တစ်မျိုးကို ရှိနိုင်မည် ဖြစ်ပြီး ၎င်းတို့ကို game ကစားကြသူများ အချင်းချင်း အလွဲအပြောင်း ပြုလုပ်သည့်အခါ ၎င်း game ၏ item ဈေးကွက်အတွင်း ပေါက်ဈေးအတိုင်း အရောင်းအဝယ် ပြုလုပ်နိုင်သည့် သဘော ဖြစ်ပါသည်။

[ မှတ်ချက် ။ ။ ယခင် COC များ ခေတ်စားခဲ့စဉ်က acc များရောင်းဝယ်ကြခြင်း gem များ ရောင်းဝယ်ကြခြင်းကို အမှတ်ရမိပါသည်။ ]

taylor-swift-reputation-album-theories-main-400x242.jpg

8 • အဘယ်ကြောင့် User များ ရရှိသည့် ဆုကြေးများမှာ ခြားနားချက် ကြီးမားလှသနည်း။

Steemit သည် အလျင်အမြန် ချမ်းသာစေနိုင်သော စနစ်တစ်ခု မဟုတ်ပေ။တစ်စုံတစ်ယောက်သည် post တစ်ခု တင်၍ ၎င်းpost သည် အလျင်အမြန် ပျံ့နှံ့ခဲ့ပြီး ၎င်း post တစ်ခု အတွက် ဆုကြေးအမြာက်အမြား ရှိရန်မှာ ဖြစ်နိုင်ချေ ရှိသော်လည်း လူအများ စုအတွက် ၎င်းကဲ့သို့ ဖြစ်နိုင်ရန်မှာ ခဲယဉ်း လှပေသည်။

သင်မြင်တွေ့နေသည့် ဆုကြေးများစွာ ရှိနေသော စာရေးသူအများစုမှာ ပရိတ်သတ်များစုဆောင်းခြင်း |အခြားသောသူများနှင့်ကောင်းမွန်သော ဆက်ဆံရေး
အတွက် ကြိုးပမ်းခြင်း | အရည်အသွေးမြင့်ဆောင်းပါးများတင်ဆက်၍ reputation ကို တည်ဆောက်ခြင်း စသည့် လုပ်ဆောင်ချက်များစွာဖြင့် platform ပေါ်တွင် အချိန်များစွာ အသုံးပြုခဲ့သောသူများ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လက်တွေ့ကျသော ရည်မှန်းချက် တစ်ခု အနေဖြင့် ဆုကြေးပေါ်တွင် အာရုံစူးစိုက် ၍ လုပ်ဆောင်ရန် မသင့်လျော်ပဲ မိမိ၏ ပရိတ်သတ်များ စုဆောင်းခြင်း | ဆက်ဆံရေးကောင်းများ တည်ဆောက်ခြင်း | မိမိ၏ ဂုဏ်သတင်း ( reputation) ကို တည်ဆောက်ခြင်း စသည့်တို့ကို သာ အာရုံ စိုက်သင့်လှပါ၏။သို့မှသာ အကျိုးဆက်အားဖြင့် ရေရှည်တွင် ထိုက်တန်သည့် အကျိုးဆက်များကို ခံစားရနိုင်မည် ဖြစ်ပါ၏။

ကျေးဇူးတင်ပါသည်။ ဆက်ပါဦးမည် ခင်ဗျာ

Source >> steemit FAQ
ဘာသာပြန်သူ >> shweyaungmyanmar@shweyaungmyanmar (MSC - 049)

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit FAQ (General) - 2 | Ecency