Steemit FAQ (General) - 1

Words
313
Reading
2 min
Listen
Play
9y

U5dtztWpSEEZdxqe4zZGvZbvLrm5zNn_1680x8400.jpg

MSC မိသားစုဝင်များ မင်္ဂလာပါ ခင်ဗျာ ……

ယခု post မှာ steemit FAQ အပိုင်းမှ အကြောင်းအရာ များကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။အမှား အယွင်းတစ်စုံတစ်ရာပါလျှင် ကျွန်တော်၏ အား နည်းချက်သာဖြစ်ကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။

steemit.png

1 • Steemit.com ဆိုတာ ဘာလဲ။

Steemit သည် စီးပွားရေးအရ အကျိုးခံစားခွင့်များ ကို ဖန်တီးပေးနိုင်သော လူမှုကွန်ယက် တစ်ခုဖြစ်ပြီး အသုံးပြုသူများသည် ဆောင်းပါးဆုကြေး စနစ်အရ steem ဟု ခေါ်ဆိုသော အင်တာနက် ငွေကြေးတစ် မျိုးကို ရရှိလာနိုင်ရန် လုပ်ဆောင်ပေးထားပါ၏။

Steemit user များအနေဖြင့် ၎င်း တို့၏ အသံများကို မျှဝေ ခြင်းဖြင့်လူမှု စီးပွားများ ဖွံ့ဖြိုးမှုကို တည်ဆောက် လာနိုင်မည်ဖြစ်သော လူမှုကွန်ယက် တစ်ခု ဖြစ်ပါ၏။

2 • Steemit သည် မည်သို့ အလုပ် လုပ်ဆောင်သနည်း။

Steemit သည် လူမှုကွန်ယက် တစ်ခု ဖြစ်၍ မိမိတို့၏ ဆောင်းပါးများဖတ်ရှုသော လူထု ပရိသတ် အပေါ်မူတည်၍ ဆုကြေးများရရှိနိုင်ပါသည်။Steem blockchain သည် အင်တာနက်ငွေကြေး တစ် မျိုးဖြစ် သော Steem ကို နေ့စဉ် ထုတ်လုပ်လျှက်ရှိပြီး ၎င်း Steem ကို ဆောင်းပါးထုတ်ဝေသောသူများအတွက် ၎င်းတို့ ရရှိသော vote အပေါ်မူတည်၍ ခွဲခြမ်း မျှဝေ ပေးပါသည်။

images.jpg

3 • Steemit သည် အခြား လူမှုကွန်ယက်များနှင့် မည်သို့ ခြားနားပါသနည်း။

လူမှုကွန်ယက် အများစုသည် အသုံးပြုသူ user များအပေါ် အခြေပြု၍ ရရှိလာသော အကျိုးအမြတ်များ အပေါ် ရှယ်ယာရှင် များအတွက် နှုတ်ယူ ခွဲဝေပါသည်။ Steemit သည် ၎င်းကဲ့သို့ မဟုတ်ပဲ လူအများ မျက်စေ့ကျ လာသော စီးပွားရေး အမျိုးအစားသစ် တစ်မျိုး ဖြစ်ပါ၏။ Steemit အသုံးပြုသူ user များ အချင်း ချင်း သာ ထိန်းချုပ်မှု လုပ်ဆောင်ထားသော Steem blockchain ကို ချိတ်ဆက်၍ platfom မှ ရှိလာမည့် အကျိုးအမြတ်များနှင့် ဆုကြေးများကို ခွဲဝေ ရရှိမည် ဖြစ်ပါသည်။

4 • Steemit တွင် post , comment နှင့် vote လုပ်ဆောင်ရန် ကုန်ကျမှု ရှိပါသလား။

Steemit.com တွင် post, comment vote လုပ်ဆောင်ရန်မှာ အခမဲ့သာဖြစ်ပြီး ၎င်းလုပ်ဆောင်မှု များ မှ ငွေပေးချေမှုပင် ရရှိနိုင်မည် ဖြစ်ပါသည်။

images (1).jpg

5 • Steemit မှာ digital tokens တွေ ရနိုင်ပါသလား ။ ဘယ်လို ရနိုင်ပါသလဲ။

Steemit တွင် digital tokens များကို အောက်ပါအ တိုင်း ရှိနိုင်ပါသည်။

  • Post တင်ခြင်း

သင်၏ posts များကို မျှဝေခြင်းအားဖြင့် steemit အဖွဲ့ဝင်များထံမှ vote များ ရှိကာ ဝင်ငွေ ရရှိနိုင်ပါသည်။
သင် ရရှိသည့် vote များအပေါ်မူတည်၍ Steemit ဆု ကြေးစနစ်မှ သင့်၏ ဝေစုတစ်ခု ကို ရရှိမည် ဖြစ်ပါ၏။

  • Voting ပေးခြင်း နှင့် curating လုပ်ဆောင်ခြင်း

သင်သည် post တစ်ခုကို တွေ့ရှိခဲ့၍ လူသိများလာ မှု မရှိခင် အချိန်တွင် vote ပေးခဲ့လျှင် curation ဆုကြေး ကို ရှိပါလိမ့်မည်။ဆုကြေးသည် သင်၏ STEEM Power အပေါ်မူတည် နေမည် ဖြစ်ပါ၏။

  • ငွေပေးချေ ဝယ်ယူခြင်း

Steemit အသုံးပြုသူများသည် STEEM သို့ Steem Dollar tokens များကို တိုက်ရိုက် ဝယ်ယူရန်Steemit wallet ကို အသုံးပြုနိုင်ပြီး bitcoin, Ether နှင့် BitShares စသည့် tokens များ ဖြင့် ပေးချေနိုင်ပါ သည်။ ၎င်းတို့ကို BlockTrades, Poloniex, Bittrex, Shapeshift.io နှင့် Changelly စသည့် exchanges များ နှင့် အခြားသော ဈေးကွက်များတွင်လည်း ရှိနိုင်ပါ၏။STEEM tokens များကို powered up လုပ်ဆောင်၍ STEEM Power အဖြစ်ထားရှိလျှင်ထိုသို့ ကိုင်ဆောင်ထားခြင်းအတွက် သတ်မှတ်ထားသည့် အတိုးနှုန်း အနည်းငယ်ကို ရှိမည် ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။ ဆက်ပါဦးမည် ခင်ဗျာ

Source >> steemit FAQ
ဘာသာပြန်သူ >> shweyaungmyanmar@shweyaungmyanmar (MSC - 049)

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit FAQ (General) - 1 | Ecency