ပြည့်စုံနေတဲ့ “Perfect”

Words
111
Reading
1 min
Listen
Play
9y

ကျွန်တော်ချစ်သောကျွန်တော်ပရိသတ်ကြီးကို အင်္ဂလိပ်နာမည်ကြီးအဆိုတော် Ed Sherran ရဲ့သီချင်းကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့သီချင်းကောင်းလေးဖြစ်ပြီးပြီးတော့ သီချင်းထွက်ထွက်ချင်းမှာပဲ ယူကေ Single Charts မှာ နံပါတ်(၄) နေရာရရှိခဲ့ပါတယ်။
ဒီသီချင်းလေးဟာဆိုရင် အဆိုတော် Ed Sherran ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပြီးတော့ နိုင်ငံတော်တော်များများက ပရိသတ်တွေ ကြိုက်နှစ်သက်ကြပါတယ်။
image
သီချင်းစာသားလေးတွေနဲ့ သံစဉ်လေးတွေက ရင်ခုန်စရာကောင်းတဲ့အချစ် ဇာတ်လမ်းလေးကို ပုံဖော်ထားတာဖြစ်ပြီးတော့ Ed Sherran က ကျောင်းတုန်းကတည်းက ချစ်ကြိုက်ခဲ့ပြီး နယူးယောက်ခ်မြို့မှာ သူတို့နှစ်ပြန်လည် တွေ့ဆုံခဲ့တဲ့ ချစ်သူကောင်မလေးအကြောင်းကို ရည်ရွယ်ပြီး ရေးစပ်ထားတာ ဖြစ်ပါတယ်။"Perfect” သီချင်းလေးက တကယ့်ကို ခံစားချက်အပြည့်နဲ့ ရေးစပ်သီဆိုထားတဲ့ သီချင်းကောင်းလေး တစ်ပုဒ် ဖြစ်ပြီး ကြည်နူးဖွယ်အတိဖြစ်စေတဲ့ အချစ်သီချင်းကောင်းလေး တစ်ပုဒ်လည်းဖြစ်ပါတယ်။
“ I found a love for me….Oh Darling just dive right in follow my lead” ဆိုပြီး စာသားလေးက အစချီထားပါတယ်။ အဓိပ္ပာယ်ကတော့ “ကိုယ့်အတွက်အချစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီ…ချစ်သူလေး ကိုယ်ခေါ်ရာနောက်ကို လိုက်ခဲ့ပါ…” ဖြစ်ပါတယ်။

“ I found a girl beautiful and sweet I never knew you were a someone waiting for me” ဆိုတဲ့စာသားလေးကတော့ “ချိုမြိန်လှပတဲ့ ကောင်မလေးတစ်ဦးကို လည်းရှာဖွေတွေ့ရှိခဲပြီ…ချစ်သူမင်းက ကိုယ့်ကို စောင့်နေခဲ့တဲ့ တစ်ဦးတည်းသောသူတစ်ဦး ဖြစ်မယ်လို့တောင် မသိခဲ့မိပါဘူး…” စတဲ့ စာသားအလန်း စားတွေနဲ့ သီချင်းလေးကို သီကုံးထားတာဖြစ်ပါတယ်။ချစ်ခြင်းတရားတွေ ပြည့်နှက်နေတဲ့ ဒီသီချင်းလေးကိုလည်း ပရိသတ်ကြီး နားဆင်ခံစားကြည့်လိုက်ပါဦးနော်..

ပြည့်စုံနေတဲ့ “Perfect” | Ecency