Read for your life(ever good luck tap)

Words
71
Reading
1 min
Listen
Play
9y

#လယ်တီဆရာတော်ဘုရားကြီး၏ "အလင်္ကာစောင်ပုဒ်"
မှတ်ကာစွဲယူ များဖို့လူတို့
နိဗ္ဗာန်မရ ဆင်းရဲကြလိမ့်
လောကသုံးခွင် ဘုံအပြင်ဝယ်
ဖြစ်လေပျက်မြဲ အမှန်မလွဲတည်း
သုံးစွဲဖို့ရာ မြတ်ဥစ္စာတို့
ကံကျမ္မာပေး ရပြန်သေးလဲ
ပျက်ရေးတဖန် တွေ့ကြုံ ပြန်၏
ချစ်လျှံဝေးဝေး ချစ်ဆွေတွေနဲ့
ချစ်လေသမျှ ပေါင်းဆုံကြလဲ
ခွဲရမည်မှာ မလွှဲသာတည်း
ရှည်စွာအသက် တည်ရှိဆက်၍
ပုခတ်နဲ့အမေ ဝေးခဲ့လေပြီ
နီးလေပြင်ခေါင်း အမှန်အောင်းလိမ့်
အကြောင်းမလျှော် သုံးရက်ကြော်က
ပုတ်စော်ညှဉ်နံ့ ရန်တွေပြန်ဖို့
အမှန်ချစ်သူ မကပ်မူဘဲ
လစ်လျှူ ရှု့သုံး တကယ်မုန်း၏
နောက်ဆုံးရောက်ကာ မြို့ပြင်ရွာနဲ့
ရွှေညာအများ ပစ်ပယ်ရှား၍
သွားရအပြီး လူမနီးသည့်
တောကြီးမြိုင်ယံ မြေသုသာန်၌
နောက်ပြန်မကြည့် မြှုပ်နှံဘိကျင်း
ခြောက်ပေတွင်းဝယ် ဆင်းဆင်းအိပ်ကာ
မလွှဲသာပဲ နေရန်ကို
စွဲမြဲမှတ်ကာ ဆင်ခြင်ပါလော့
သင်္ခါရခြုံ လောကီဘုံ၌
ခိုလှုံဝင်စမ်း ပုထုစဉ်တို့
လောကဓံလွတ်ကြောင်း ဆုပန်တောင်းသည့်
လမ်းကောင်း မဂ္ဂင်
ရှစ်အင်အဖြာဖြာ ဘာဝနာကို
နေ့စဉ်မကွာ ကြိုးစားရမည်
ခေမာရောက်မှ အေးမည်တည်။
(ဖွားဖွား ရွတ်ပြ၍ နောက်မှလိုက်ရေးခဲ့သည်)😝😝😝 image


Read for your life(ever good luck tap) | Ecency