ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၁၃)

Words
62
Reading
1 min
Listen
Play
7y

*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။

အေး…ဘုရားအလောင်းရှင်ဘုရင်လေးဟာ ခုသူမရှိတော့ရင် သူ့ရဲ့နန်းတော်မှာ ကျန်ခဲ့တဲပုဏ္ဏားကြီးတွေကို သစ္စာဖောက်ကတိပျက်ရာရောက်တယ် အဲ့ကြောင့်မို ဘီလူးကြီးကို ပြန်ဖို့ခွင့်တောင်းသေးတယ်…အမျိုးမျိုးပေါ့ အဲ့တုန်းကပေါ်ထွက်လာတဲ့ သစ္စာစကားတွေထင်ရဲ့ ဘာတဲ့ ပင်လယ်သမုဒ္ဒရာကြီးသာ ခြောက်ခမ်းရင်ခြောက်ခမ်းမယ် ငါမင်းကိုပေးတဲ့ကတိသစ္စာကတော့ ဘယ်တော့မှ ပျက်မှာမဟုတ်ဘူး…ဆိုပီး တော့ပေါ့…။လူ့ဘီလူး ဗောဓိသာရကလည်း ရသတဏှာလွန်ကြူးလွန်းလို့သာ ဒီဘဝကိုရောက်နေတာ သူကလည်းငယ်တုန်းကတက္ကသိုလ်တွေတောင် တက်ထားတဲ့သူပဲ ဘယ်အလွယ်တကူနဲ့အယုံပေးမလည်း သူစဉ်းစားတာပေါ့…ဒီတစ်ခါလွတ်ပေးလိုက်လို့ ကတိအတိုင်းထား သူကရော ကတိအတိုင်း သူ့အသကါအသေခံပီး လာအစားခံပါ့မလား ဒါလုံးဝမဖြစ်နိုင်တဲ့ကတိငါ့ကိုပေးတာပဲ…ဆိုပီးလူ့ဘီလူးကလည်းအတော်နဲ့လက်မခံတာပေါ့…###

ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-sheinthu@sheinthu(MSC-026)

ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၁၃) | Ecency