##28/11/2021
တခါတလေမှာတွေးဖြစ်တဲ့အတွေးပါ့ဗျာ "နူတ်တရာ စာတစ်လုံး"ဆိုတဲ့ အဓ္ဓပါယ်ဟာ သိတက်စ ငယ်ရွယ်စဥကနေ ကြီးလာတဲ့အရွယ်ထိ ဘဝရဲ့ ဖြစ်စဉ်လူပ်ရှားမူးများကို အလေးနက်ထားပြန်ကြည့်ချင်နေမိသူတွေအတွက်ကတော့ အသက်အရွယ်ကြီးလာလေလေ ပိုမှန်လာသလိုပါပဲဗျာ ။ဘာလို့လည်းဆိုတော့ မက်မောခဲ့တဲ့ ငယ်ရွယ်တဲ့ဘဝတွေကနေ ခုချိန်ထိ အဲ့လိုမှမှတ်သားထားတာမရှိဘူးဆိုရင် အချိန်တိုင်းဖြစ်ပျက်နေလို့ ဘဝဟာ လေထဲမှာ အသလွတ် ဖျောက်ခံလိုက်ရသလိုပဲ ခံစားရတယ်။သဘောပြောတာပါ။
တခါတခါဆို အဲ့လိုမှရေးမှတိမထားဘူးဆိုရင် ကျနော်တို့ ဦးနောက်တွေ မနက်ကအကြောင်းရာ ညနေဆို ဝါးတားတားတွေတောင်ဖြစ်နေပီ ဘယ်လောက်နှမျောစရာ ကောင်းလဲပေါ့။အဲ့ကြောင့်မို့ပါ သမီးငယ်လေးရေ ဖေဖေတို့ဟာ ခုဘဝရဲ့အတိတ်မှာ ဘာတွေတော့လုပ်ခဲ့တယ် ဘာတွေတော့ မလုပ်ရသေးဘူးဆိုတာ ဒီလိုရေးမှတ်ထားတာလေးတွေပြန်ကြည့်မှ အများစုသိနိုင်တာပေါ့။ငယ်လေးကြီးလာလို့ ဖေဖေ ရေးတဲ့ဒီစာတွေ ဖက်ခဲ့ရလာခဲ့ရင်လည်း ဒီလိုလေး ဘဝရဲ့မှတ်တမ်းဆိုတာ အချိန်အခါလိုက် ပြုစုသင့်တယ်လို့တော့ ဖေဖေထင်ပါတယ်လေ။
အဖေ့သမီးငယ်လေးနဲ့ မနက်ခင်း ခေါက်ဆွဲစားဖြစ်ကြတယ်။ပီးတော့ တွန်းလှည်းတွန်းဖို့ ဖေဖေ့ကို ဆွဲခေါ်နေပီပေါ့။ခါတိုင်းဆို တွန်းလည်းပေါ်ထိုင်ဖို့ဆိုရင် ဝဟုမ်ကနေထိန်းပေးပီးမှ အတူတူသွားကြရတာ ခုတော့ ဆရာမကြီးက ဝဟုမ်လည်းခေါ်စရာမလိုဘူးတဲ့ သွားမယ်တဲ့။အဲ့ဒါနဲ့ ဖေဖေက ခူးလေးကို တွန်းလည်းလေးရဲ့ ရှေ့မှာထိုင်ပေးပီးဖြည်းဖြည်းချင်းစကားပြောရင်းတွန်းကြတာပေါ့။
လမ်းအကွ့တစ်ကွေ့မှာရောက်တော့ ဖေဖေတို့နေတိုင်းရောင်းနေတဲ့ နံပြားမုန့်ဆိုင်မှာအမြဲတမ်းလာလာဝယ်တဲ့ ဝတုတ်ကိုတွေတော့ သားဖနှစ်ယောက်လုံး သူလက်ထဲကဆဲွလာတဲ့ အိပ်ထဲကပါတဲ့အရာကို ကြည့်ရင်းအံ့ဩနေကြတာပေါ့။တခါမှ ဖေဖေဆိုရင်ခုချိန်ထိ နှစ် ၃၀ကျော်လာပီ မမြင်ဘူး ခုမှဘဲမြင်ဖူးတာလေ ကြက်ပေါက်ခလေးတွေ အနီရောင်ဆွတ်ဆွတ်နဲ့ အစိမ်းရောင်လေးတွေပေါ့။ဝတုတ်ပျောက်ကွယ်သွားတဲ့အထိ ငေးကြည့်နေခဲ့ရတယ်။
ဖေဖေတို့ နေလှည်ခင်းရောက်တော့ အိမ်ရှေ့ကရေခဲမုန့်ဆိုင်ကနေ တစ်ယောက်တစ်ခုစီ ယူပီးအိမ်ဝင်းထဲက သုံးဘီးဆိုင်ကယ်ပေါ်မှာ စော့မယ်ပေါ့။အဲ့ဒါနဲ့ဖေဖေက လက်တစ်ဖက်က ခူးငယ်ကိုလည်းပွေ့လာတော့ သုံးဘီးပေါ်အချ ဖေဖေလက်ထဲက ရေခဲမုန့် အဖက်က အောက်ကိုကျသွားတယ်။ဒါကိုဆရာမကြီး မြင်တော့ ဖေဖေကို ဘာပြောလည်းသိလား ကျသွားတဲ့ရေခဲမုန့်ကိုကြည့်ပီး "ဈေးများတယ်နော"ပြောချင်တာက ရေခဲမုန့်က တန်ဖိုးမနဲဘူး ကောင်းကောင်းစားလို့ဖေဖေကိုပြောချင်တဲ့သဘော။
တခဏလောက်ဖေဖေအံ့ဩသွားတယ် ပီးတော့ငယ်လေးကိုပဲကြည့်နေခဲ့တယ်။သားအဖနှစ်ယောက် ရေခဲမုန့်လေးစားပီး သုံးဘီးပေါ်ဆက်ဆေ့ာ ကြတာပေါ့။တစ်နေ့တစ်နေ့သမီးငယ်ရဲ့အပြုမူတိုင်းဟာ ဖေဖေ့အတွက် မှတ်ထားမကုန်နိုင်လောက်အောင်ပေါ့ကွယ်။
ညနေခင်းမှာတော့ ဖေဖေဟာခဏတဖြုတ် အခန်းပြန်အိပ်နေတဲ့အခါမှာတောင် အပေါ်အိမ်ကနေ ဖေဖေဆီကို သွားချင်တယ်ပြောလို့ မေမေကလိုက်ပို့ရသေးတဲ့အချိန် ဖေဖေအိပ်ပျော်နေတာတွေ့တော့လည်း သူ့ခမျာ "ဖေဖေ အိပ်နေတာတဲ့"ဆိုပီး အပေါ်အိမ်ကိုပြန်သွားတယ်။ဖေဖေက မသိပါဘူး ဖေဖေနိုးလာတဲ့အခါမှ မေမေပြောပြလို့သိရတာ။
လားရှိုး ဖေဖေရောက်ခါစ သမီးငယ် ဖေဖေကို စိတ်ကောက်မပြတက်သေးဘူး ခုနောက်ပိုင်း နေတာ ၂ပတ်လောက်ကြလာတော့ တစ်ခုခုဆို သူလုပ်ချင်တာ မလုပ်ရလို့ ဖေဖေက တားလိုက်ရင် ဖေဖေကို ဘာမမပြောဘူး ကျောပေးနေတယ်လေ ဒါပေ့မယ် ငယ်လေးကအကြာကြီးတော့ မကောက်ဘူး ခုနက မလုပ်နဲ့ဆိုတဲ့ဟာကို "ကဲပါသမီးငယ်သွားချင် ဖေဖေလိုက်ပို့မယ် ဟုတ်ပီလားလို့ "ချက်ချင်းသာပြောလိုက် အမယ် သူကလည်း ချက်ချင်း အဖေ့မျက်နှာကြည့်ပီး ပျော်သွားတဲ့မျက်နှာဖြစ်လာတယ်။
ဖေဖေသိပါတယ်လေ ဖေဖေရှေ့မို့ ဒီလိုလုပ်တာတွေ့ဖူးတာ သူ့မေမေရှေ့မှာ တခါမှ သမီးငယ်မကြိုက်တဲ့ဟာ အမေတားလာရင်လည်း ကောက်လည်းမရဘူးဆိုတာသိတော့ သူ့ခမျှ ကောက်နေတာ ဖေဖေတော့မတွေ့ရပါဘူး။မေမေနဲ့ဆိုရင် ခူးခူးက အတိုင်အဖောက်တည့်ရင် ပျော်နေတာပဲ အတိုင်အဖောက်မတည့်တော့ သမီးငယ်က ငိုတော့တာပေါ့။ဖေဖေနဲ့ နေနေရရင်တော့ အချိန်ပြည့် ဆော့မယ်ပဲပြောတယ် ဖေဖေနဲ့ဆိုရင် ငိုရတာတော့မရှိဘူးပေါ့။မေမေတွေထက်ဆာရင် ဖေဖေတွေက သားသမီးတွေအပေါ်အလိုလိုက်တာတွေများတက်တယ်ပေါ့ ခုလည်းဖေဖေလည်း အဲ့လိုနေမှာပေါ့။ဒါပေမယ့် တချို့အရာတွေတော့ အလိုမလိုက်သင့်တဲ့ဟာတွေအများကြီးဆိုတာကိုတော့ ကြီးလာရင်သမီးငယ်လေးသိလာမှာပါ။
အဓိကတော့ ငယ်ရွယ်သွက်လက်ချစ်စရာကောင်းတဲ့အချိန်လေးတွေမှာ ကျန်းမာရေးက အဓိကဦးစားပေးပေါ့ကွယ်။
photos by sheinthu
@sheinthu (31/1/2022) mon (11:00)pm