ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၁၁)

Words
66
Reading
1 min
Listen
Play
7y

*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။

အေး…ဗောဓိသာရဟာလူ့အသားစားဘီလူးဖြစ်သွားတဲ့အခါ ဘုရားအလောင်းရှင်ဘုရင်ငယ်သူငယ်ချင်းကို ဖမ်းခေါ်တဲ့နေရာမှာကြည့်…တစ်ခြားသောမင်းတွေကို ဖမ်းခေါ်တဲ့အခါမှာဆိုရင် ခြေနှစ်ချောင်းကိုမြောက်ကိုင်ပီး တစ်ခါတည်း ပခုံးပေါ်ပစ်ပီးဇောက်ထိုးချလိုက်တော့ သူလမ်းလျောက်လိုက်တိုင်း အဲ့ဒီဘုရင်ရဲ့ ဦးခေါင်းနဲ့ သူ့ခြေဖနေရင့်တို့ဟာ တစ်လှမ်းသွားရင် တစ်ခါတိုက်ပဲ ဗောဓီသာရဟာ အဲ့လောက်ထိရက်စက်ကြမ်းကြုတ်တာနော် ဒါမယ့် ဘုရားအလောင်းသူ့သူငယ်ချင်းဆိုတော့ ပဂေါက်ဂွေးကနေပွေ့ပီး သူ့ပုခုံးပေါ်ကိုထမ်းမှောက်လိုက်တယ် ဖြစ်ချင်တော့ ဘုရားအလောင်းဟာ ဗောဓိသာရချောင်းနေတဲ့ ရေကန်ထဲမှာ ရေကစားနေရင်းဖြစ်တာဆိုတော့ သူ့ကိုထမ်းမှောက်လိုက်လို့ ဆံပင်ကစီးကျလာတဲ့ရေတွေ ဘီလူးကြီးရဲ့ခါးပေါ်မှာလာကြတာပေါ့…အဲ့ဒါကိုဘီလူးကြီးက ဘုရားအလောင်းရှင်ဘုရင်ကိုမေးလိုက်တယ် "ကဲ…ဘယ်လိုလည်းဘုရင်ကြီး သေရမှာကြောက်လို့ အရင်ဘုရင်တွေလို ငိုနေပီမို့လား…"ဆိုတဲ့မေးခွန်းလေးကိုဖြေဆိုပုံလေးကိုတော့ နောက်တစ်ခါဘုရားရှိခိုးကြရင်း တရားဆွေးနွေးကြမယ်နော်…###

ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-sheinthu@sheinthu(MSC-026)

ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၁၁) | Ecency