ကုသိုလ်မျိုးစေ့

Words
96
Reading
1 min
8y
Listen to this post
~1 min

  နေ့လယ်က ဆရာတော်ကြီးတစ်ပါးရဲ့ တရားတော်ကို နာကြားပြီး အလွန် အဖိုးထိုက်တန်လှတဲ့ အကြောင်း အရာတစ်ခုကို နာယူလိုက်ရပါတယ်။ ဒါန ကုသိုလ်ကို မျိုးစေ့ကဲ့သို့ ဆင့်ကဲ ပွားများ သွားချင်းမျိုးပါ။ ဥပမာ မျိုးစေ့နဲ့ ခိုင်းနှိုင်းသွားပါတယ်။ မိမိပြုလိုက်တဲ့ ဒါနကုသိုလ်လေးက စစချင်း မျိုးစေ့အနေနဲ့ သေးငယ်ကောင်း သေးငယ်လိမ့်မယ်။ သို့သော် ထိုမျိုးစေ့ ချလိုက်တဲ့ ကုသိုလ်တရားကိုပဲ အသီးသီးလာ အစေ့ဖြစ်လာတဲ့အခါ ဒါနကုသိုလ် အရှိန်အဝါ ရှိနေတုန်းမှာ ထပ်မံပြီးတော့ ဒါနကုသိုလ် ပြုလုပ်၊ ထပ်ပြီးတော့ ဒါနအကျိုး ကျေးဇူး တရားတွေ ဖြစ်လာ ဒီလိုနဲ့ အကုသိုလ် မဝင်စေဘဲ ကုသိုလ်တရားတွေကို ထပ်ကာ ထပ်ကာ ပွားများသွားတာကို ဆိုလိုတာပါ။   

  credit img

မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင်ပြောရရင် မိမိမှာ စပါးနှံလေး တစ်စေ့ ရှိတယ်။ ထိုစပါးနှံကို အကျိုးမဲ့ မဖြစ်စေဘဲ စိုက်မယ်။ ဟော … စပါးနှံလေးကလေ အသီးသီးလာမယ်။ စပါးနှံပေါင်း များစွာ သီးမယ်။ ထားပါတော့ နို့ဆီဘူး တစ်ဘူးစာပေါ့။ ထို တစ်ဘူးစာကို စားသောက်ပစ်ခြင်းမရှိဘဲ။ ထပ်စိုက်မယ်။ ဟော တစ်တင်း ထပ်ထွက်လာပြီ။ ထိုကဲ့သို့ ထပ်ကာ ထပ်ကာ ဒါနကုသိုလ်တရားတွေ ပွားများစေခြင်းဖြင့် အကုသိုလ် မပွား ကုသိုလ်များစေကြောင်း မိတ်ဆွေတို့ကိုလည်း ဓမ္မဒါန မွ်ေဝလို္က္ပါတယ္ခမ် ….  

  Author @shankhunsam