Paper Wallet တစ်ခုကိုယ်တိုင်ပြုလုပ်ခြင်း

shand(50)
Published in
#photo
Words
192
Reading
1 min
Listen
Play
8y

''Paper Wallet'' တစ်ခု ကိုယ်တိုင်ပြုလုပ်ခြင်း(အပိုင်း ၁)(Original Content by shand@shand)
ကျွန်တော်တို့တွေ အများစုဟာ နည်းပညာသမားတွေမဟုတ်ကြပါဘူး။ဒါ့ကြောင့် ကျွန်တော်တို့ မကြာခဏတွေးမိတဲ့ အတွေးတစ်ခုကတော့ ''ကျွန်တော်တို့ရဲ့ crypto ငွေကြေးတွေကို ဘယ်လိုလုံခြုံအောင် ထားကြမလဲ'' ဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။
overview.png
#photo credit to image source.
''crypto wallet တွေ အများအပြားရှိတဲ့ထဲက ဘယ်wallet ထဲမှာ ထည့်ပြီးသိမ်းထားမလဲ။လက်ရှိအသုံးပြုနေတဲ့ wallet ကရော လုံခြုံစိတ်ချမှုရှိရဲ့လား'' စသည်ဖြင့် ကျွန်တော်တို့ မကြာခဏ တွေးမိတတ်ကြပါတယ်။
အခု ကျွန်တော်ဖော်ပြမယ့် နည်းလမ်းကတော့ crypto walket အမျိုးအစားများစွာထဲက ''Paper Wallet'' တစ်ခုကို ကိုယ်တိုင်ပြုလုပ်ပြီး ကျွန်တော်တို့မှာရှိနေတဲ့ crypto currencies တွေကို ''Paper Wallet'' ထဲမှာ လုံခြုံစွာ သိမ်းဆည်းထားပြီး ကျွန်တော်တို့ အသုံးလိုတဲ့အခါ ''Paper Wallet'' ထဲကနေ တဖန်ပြန်ပြီး ထုတ်ယူသုံးစွဲပုံ အကြောင်းပဲဖြစ်ပါတယ်။
mike-caldwell-paper-btc-1020.jpg
#photo credit to image source.
''Paper Wallet'' မပြုလုပ်ခင် ''Paper Wallet'' ဆိုတာ ဘာလည်း ကျွန်တော်သိသလောက် ပြောပြပါ့မယ်။''Paper Wallet'' ဆိုတာ စာရွက်ပေါ်မှာ Wallet တစ်ခုရဲ့ Public Address နဲ့ Private Key ကို စကားလုံးစာသားတွေနဲ့ရော Qr Code ရော တွဲလျက် ပုံနှိပ်ဖော်ပြထားတဲ့ စာရွက် ပိုက်ဆံအိတ် တစ်လုံးဖြစ်ပါတယ်။
content_Artboard_Copy_44.jpg
#photo credit to image source.
Paper Wallet ဟာ လုံခြုံမှုရှိရဲ့လားဆိုတဲ့ မေးခွန်းမေးလာရင် လုံခြုံမှုရှိတယ်လို့ပဲပြောရမှာပါ။ဘာလို့လည်း ဆိုတော့ Paper Wallet တစ်ခု ဖန်တီးဖို့အတွက် အင်တာနက်နဲ့ ချိတ်ဆက်ဖို့ မလိုအပ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
C2UI3t-XUAEiR4g.jpg
#photo credit to image source.
''Paper Wallet'' ရဲ့ အားနည်းချက်ကို ပြောပါဆိုရင်တော့ အကြောင်းတစ်စုံတစ်ခုကြောင့်စာရွက်ပေါ်က ''Paper Wallet'' ရဲ့ ''Private Key'' ပျောက်ဆုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ''Paper Wallet'' ထဲက ရှိသမျှ ''Crypto Currencies'' တွေအကုန်လုံးကို ဆုံးရှူံးသွားမှာပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် ''Paper Wallet'' ကို အသုံးပြုတော့မယ်ဆိုရင် ''Paper Wallet'' ရဲ့ ''Private Key'' ကို လုံခြုံအောင် သိမ်းဆည်းထားဖို့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်။''Paper Wallet'' ရဲ့ အသက်ဟာ ''Private Key'' ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ မဖြစ်မနေ သတိထားရပါမယ်။
qIWViIE.jpg
#photo credit to image source.
ကျွန်တော်လည်း စာမရေးတာ အတော်ကြာပြီဗျ။ဒါပေမယ့် အခုလောလောဆယ် ''ဗိုက်ဘော''လေးက ပရိုမိုးရှင်းပေးနေတာဆိုတော့ အဲဒီပရိုမိုးရှင်း ယူချင်လို့ စာပြန်ရေးမယ်လို့စိတ်ကူးပြီး အခုမှ စာပြန်ရေးဖြစ်တာပါ။
အပိုင်း ၂ ကိုလည်း အားပေးကြပါဦး ဘော်ဒါတို့။

Paper Wallet တစ်ခုကိုယ်တိုင်ပြုလုပ်ခြင်း | Ecency