ဒီတစ်ပတ်အတွက် ၇ရက်သားသမီးတို့ရဲ့ ကံကြမ္မာကတော့
တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း အလုပ်ထဲမှာ အဆင်မပြေတာမျိုးတွေ ကြုံခဲ့ရမယ်ဆိုရင်တော့ သည်းခံပြီးတော့ ကျော်ဖြတ်လိုက်ပါ။ တာဝန်မယူတတ်တဲ့လုပ်ဖော်ကိုင်ဖက်တွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။ ဖခင်ရဲ့ ကျန်းမာရေးကို အထူးပဲ ဂရုစိုက်သင့်လှပါတယ်။ အရေးကြီးတဲ့ စာချုပ်စာတန်းတွေ လက်မှတ်ထိုးစရာကိစ္စတွေ ကြုံလာရင် သေချာစိစစ်ပြီးမှ ထိုးသင့်ပါတယ်။ ကျန်းမာရေးကတော့ ရောဂါဗေဒအနေနဲ့ သိပ်ပြီး မခံစားရပေမယ့် အလုပ်ပင်ပန်းလို့ ပန်းဖျားဖျားတာမျိုးတော့ ကြုံရနိုင်ပါတယ်။ အချစ်ရေးကံကောင်းပါတယ်။ ပညာရေးအထူးကောင်းမှာပါ။ အကျိုးပေးဂဏန်းကတော့ ၂၊ ၅ နဲ့ ၉ ဖြစ်ပါတယ်။
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း အပေါင်းအသင်းမိတ်ဆွေတွေ တိုးပွားမယ့်ကာလပါပဲ။ လူချစ်လူခင်များသလို ရည်းစားမရှိသေးသူတွေ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ ချစ်သူရှိသူတွေကတော့ ဝေးနေရတာမျိုးကြုံရတတ်တာကြောင့် ဖုန်းနဲ့ပဲ အလွမ်းဖြေရမှာပါ။ စပ်တူအလုပ်တွေ အထူးအကျိုးပေးတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ပညာရေးကံကတော့ ဒီကာလမှာ အထူးကောင်းပါတယ်။ အကျိုးပေးဂဏန်းကတော့ ၆၊ ၉ နဲ့ ၂ ဖြစ်ပါတယ်။
အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်း မိတ်ဆွေတွေရဲ့ အကြံပေးခြင်းကို လက်ခံလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေ ရပါလိမ့်မယ်။ ဝန်ထမ်းတွေနဲ့ တက်ညီလက်ညီ စပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိမှာပါ။ စပ်တူအလုပ်တွေ ရှယ်ယာလုပ်ငန်းတွေလည်း အထူးအကျိုးဖြစ်ထွန်းမှာပါ။ ဘဏ်လုပ်ငန်း၊ security လုပ်ငန်း၊ ဇိမ်ခံပစ္စည်းတွေနဲ့ ပရိဘောဂလုပ်ငန်းတွေလည်း အထူးကောင်းမှာပါ။ ကျန်းမာရေးလည်း အညံ့အဆိုးကင်းဝေးနေပါလိမ့်မယ်။ ကံအကောင်းဆုံးကတော့ အချစ်ရေးပါ။ ပညာရေးကံကြမ္မာကတော့ အထူးကောင်းပါတယ်။ အကျိုးပေးဂဏန်းကတော့ ၃၊ ၆ နဲ့ ၂ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
အခုရက်တွေက သတိထားရမှာက အိမ်ထောင်သည်တွေပါပဲ။ အိမ်ထောင်ရေးကံကြမ္မာ အထူးအားနည်းနေချိန်ပါပဲ။ အိမ်ထောင်ဖက်နဲ့ ပြဿနာတတ်လွယ်တဲ့ကာလပါပဲ။ အလုပ်နဲ့ ပတ်သက်ပြီး ပိတ်ဆို့နေတဲ့ ကံတွေလည်း ပွင့်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာပါ။ အချစ်ရေးကံလည်း ကောင်းနေပါတယ်။ ချစ်သူကို အလွန်အကျွံစနောက်ခြင်းမျိုးတော့ ရှောင်ပါ။ ပညာရေးကံအားနည်းနေပါတယ်။ အကျိုးပေးဂဏန်းကတော့ ၆၊ ၁ နဲ့ ၃ တို့ ဖြစ်ပါတယ်။
ကြာသပတေးသားသမီးများ
ဒီရက်အတွင်း သိပ်ထွေထွေထူးထူး စဉ်းစားစရာမလိုတဲ့ကာလပါ။ အပြောင်းအလဲဘာမှ မလုပ်စေချင်ပါ။ ကျန်းမာရေးအတွက် သိပ်စိုးရိမ်ဖို့တော့ မလိုပါဘူး။ ဥပဒေနဲ့ မလွတ်ကင်းတာတွေ လုံးဝမလုပ်ပါနဲ့။ အချုပ်ကျခြင်း အမှုရင်ဆိုင်ရခြင်းမျိုး ကြုံရတတ်လို့ပါပဲ။ အချစ်ရေးကံကောင်းနေတတ်ပါတယ်။ ပညာရေးအထူးကောင်းပါတယ်။ အကျိုးပေးဂဏန်းကတော့ ၅၊ ၃ နဲ့ ၉ ဖြစ်ပါတယ်။
သောကြာသားသမီးများ
ဒီရက်တွေအတွင်း ရှေ့တိုးဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းကိစ္စတွေအားလုံး ဒီကာလမှာ လုပ်ကိုင်ဖို့ သင့်ပါပြီ။ ရပ်ဝေးနဲ့ ချိတ်ဆက်လုပ်ကိုင်ရတဲ့ စီးပွားရေးတွေ အထူးကျိုးပေးနေချိန်ပါ။ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အနည်းငယ်ညံ့ပါတယ်။ ရက်လွန်နေတဲ့ စားသောက်ကုန်တွေ မစားမိအောင် ဆင်ခြင်ပါ။ အချစ်ရေးကံက ချစ်လွန်းအားကြီးကလည်း ပြဿနာကို ဖြစ်စေတာပါပဲ။ ပညာရေးအတွက် ရည်မှန်းချက်သစ်တွေ ပန်းတိုင်သစ်တွေ ချမှတ်လို့ အထူးကောင်းနေပါလိမ့်မယ်။ အကျိုးပေးဂဏန်းကတော့ ၆၊ ၃ နဲ့ ၂ တို့ဖြစ်ပါတယ်။
စနေသားသမီးများ
ဒီရက်တွေအတွင်း အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင့် ရပ်ဝေးသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ရစရာရှိတဲ့ ကြေးမြီတွေရှိရင် ပြန်တောင်းဖို့ ခက်ပါလိမ့်မယ်။ အိမ်ထောင်ဘက်ကို ပြဿနာမရှိပါနဲ့။ အိမ်ပေါ်က ဆင်းသွားတတ်ပါတယ်။ ငွေဝင်လာဖို့ ရှိနေပါတယ်။ မိမိကိုယ်တိုင်အချစ်ရေးကို စိတ်မပါသလို ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ သိပ်စိတ်ပူနေဖို့ မလိုပါဘူး။ ပညာရေးမှာတော့ လောကီပညာထက် လောကုတ္တရာဥာဏ်ပညာဘက်ကို ပိုကောင်းတဲ့သဘောတွေ့ရပါတယ်။ အကျိုးပေးဂဏန်းကတော့ ၇၊ ၅ နဲ့ ၁ တို့ ဖြစ်ပါတယ်။