မြောက်လေလေးက တဝူးဝူးတိုက်နေပြီး ပုဂံဒေသက ပန်းတမာရနံ့လေးက သင်းပျံ့နေပေတော့သည်။ မြောက်လေအေးလေးက ချမ်းတုန်အောင် ရင်ထဲထိအေးလွန်းအောင်တိုက်နေရင်း ပုဂံဘုရားဖူး ကားများ ဆိုင်ကယ်များ မြင်းလှည်းယာဉ်များက ဖုန်မှုံတွေ ထနေပေတော့သည်။
အမြင့်မယ် - သဗ္ဗညု
လက်ယာမယ်-အာနန္ဒာ
ထုထည်မယ-်သဗ္ဗညု ဆိုပြီး ထင်ရှားလေတော့သည်။ လာရောက်ကြသူများ လေ့လာကြသူများ ဘုရားဖူးကြသူများနှင့် ပုဂံဒေသမယ် အထူးစည်ကားလျက်ပေ။ မီးရထားဖြင့်၎င်း
ကားကြီးများဖြင့်တဖုံ လေယဉ်များဖြင့်လည်း လာရောက်ကြပေတော့သည်။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု ကိုးကွယ်မှု စာပေအရေးအသားများ ဝတ်စားဆင်ယဉ်မှု တို့ဟာ ထူးခြားနေပေသည်။
စေတီများပုတိုးများ ဂူဘုရားများစွာ ရှိလေသည်။
ကျောက်စာများ ပန်းကနုတ်များ ကို အထူးသုသေသီတို့ လေ့လာကြရာ ဒေသကြီး ဖြစ်ပေသည်။
ဧရာဝတီမြစ်ကြီးကလည်း ပုဂံဘုရားများကို ဦးတိုက်ကာ စီးဆင်းနေလျက်ပေ။ရေလမ်းမှလည်း ပုဂံဒေသသို့ လာရောက်နိုင်ပေတော့သည်။
ယဉ်ကျေးမှုနယ်မြေအဖြစ်သတ်မှတ်ထားသော အညာမြို့ကြီးဖြစ်လေသည်။
ပုဂံညောင်ဦးမြို့ဟာ မန္တလေးတိုင်းအတွင်းတည်ရှိနေပေသည်။
စေတီပုထိုးများဟာ အထူးပေါများပေတော့သည်။ ရှေးကြသော လက်ယာဆန်းများဖြစ်ပေတော့သည်။
ရှေးဘုရင်များ ဘာသာသာသနာ စာပေများကို မြန်မာမျိုးဆက်များအတွက် ထားပေးထားခြင်းက အထူးကို မွန်မြတ်လှပေတော့သည်။