လွမ်းမိပါယင့်...မိုးရာသီ
...................................
မိုးညှင်းဖွီးဖွီး လယ်ကွင်းဘေးမှာ
ကလေးငယ်ရို့ ..ဝါးတံဆူနှန့်
ငါးကိုဖမ်း ...အပျော်တမ်းသာ
မျှော်မှန်းစရာ (အ)တိတ်ပုံလွှာကို
တခါမြင်၍ လွမ်းမိသည်
ဝမ်းစာစပါး အရီးထားကာ
ကြိုးစားထွန်ယက် နွားနှစ်ဖက်နန့်
ဆွဲဟဲ့ငညို.. မိုးကရွာ..လီကတိုက်နန့်
တုတ်တိုနန့်....အဘာအင်ကို
သားသျှေမြင်ယောင်...လွမ်းမိသည်
စိမ်းညို့ဝီဝီ လယ်ကွင်းတိမှ
ပျိုမေတသိုက် စပါးစိုက်လို့
ရီလိုက်မောလိုက် အကြည်ဆိုက်ကာ
ပျော်ပိုက်စရာ မိုးအခါကို
ရင်မှာမြင်၍ လွမ်းမိသည်
အတိတ်ကဘဝသျှေကို
ပြန်မြင်ယောင်ဖြင့်....လွမ်းမိသည်
အခုအခါ...တပြည်တရွာမှာ
ကြိုးစား..ရုန်ကန်ရင်း
မိုးရွာတိုင်းလည်း...အတိတ်ကပုံရိတ်သျှေတိကို
လွမ်းပါမိယင့်.....မိုးရာသီ