ရှေးအခါက ကျေးလက်တောရွာ တွေမှာအိမ်ပါသားမက်ဖြစ်လာပြီ ဆိုရင်အတော်ဒုက္ခ ရောက်ကြရတာ အကြောင်းကတော့တောရွာတွေရဲ့ အိမ်ဖွဲ့စည်းပုံကြောင့်ဘဲ အခန်းကာထားခြင်းမရှိတော့ ညားခါစ လင်မယားတွေအတွက် လုံခြုံ တဲ့ အိပ်ခန်းရယ်လို့မရှိဘူး ဒီတော့လဲ သင့်တော်ရာထောင့်တစ်နေရာမှာ ယောက်ကျားဖြစ်သူရဲ့ ပုဆိုးတွေကို ကြိုးတန်းတန်းပြီး လိုက်ကာသဘောမျိုး ယာယီ အိပ်ခန်းတစ်ခုကို ဖန်တီးကြရတယ် ပုဆိုးကိုကြိုးတန်းပေါ် တင်ပြီးအိပ်ခန်းလုပ်ထားတဲ့ ဓလေ့ကိုအစွဲပြု ပြီး ပုဆိုးတန်းတင် အကြင်လငိမယားလို့သုံးစွဲကြတာဖြစ်တယ် ဒီအကြောင်းကိုမန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ မဟာဘွဲ့ယူဘို့တင်သွင်းတဲ့ဘွဲ့ယူစာတန်းတစ်ခုမှ ရရှိခဲ့တာဖြစ်ပါတယ် စာတမ်းရှင်လဲ မဟာဝိဇ္ဇာ ဘွဲ့ရလို့ ကထိက တောင် ဖြစ်နေပါပြီ စာတမ်းရဲ့အမည်က မြန်မာ့ရိုးရာဆိုရိုးစကားများ၏ နောက်ခံဇာတ်လမ်းများဖြစ်ပါတယ်။