ပုသိမ်ထီးလေးဆောင်းလို့
ရွှေဘိုသနပ်ခါးလေးလိမ်းကာလိမ်းကာ
ပါးကွက်လေး တဖက်တချက်ကွက်လို့
အညာအလှကို
မိတ်ကပ်ပညာရှင်တောင်
မှိုင်ငေးကာသွားရတယ်
သြော်. . မြန်မာမလေးရယ်
သနပ်ခါးကို ဘယ်ညာ လူး
ဆံထုံးလေးကို ထုံး
ဗမာရင်ဖုန်းလေးနဲ့ လှနေသူမို့
ကြည့်လို့မဝပေ . . .
ချစ်သူရေ . . .