ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမယ်ကျဲပြန့်လေ
ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာမြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းယားကန်မြေ
ချိန် ညနေချမ်း နေခြည်ဖြန်းရင်လေ မြေနီနီလမ်းကလေးမယ်
အပန်းဖြေ အပန်းဖြေ ချစ်စရာစကားလေးများ ပြောကြတာတွေ -
စိန်းပန်းတွေက ရောင်စုံပွင့်
သရက်တွေက မျိုးစုံမှည့်
မိုးကလည်းတအားရွာ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်မို့ သပြေသီး မှည့်တော့မည်
လယ်ထဲမယ် စပါးပင်စိမ်းစိမ်းနဲ့
မိုးတောင်ကရှုံး မုန့်လုံး ရွာပေလေဦးမည်