မင်္ဂလာပါ ...
အခုနှစ်ကုန်ပိုင်းအတွင်းမှာ စတီးမစ်မှာ ပရောဂျက်တွေ အများကြီး လုပ်ပါတယ်။ တိုကင်တွေလည်း အမျိုးမျိုး ထွက်လာပါတယ်။ စတီးမစ်ဈေးက ကျဆင်းမြဲ ကျဆင်းနေပေမယ့် Developer တွေကတော့ စိတ်မလျော့ကြပါဘူး။ အဲဒီအထဲက ပရောဂျက်တစ်ခုကတော့ steempress ပဲ ဖြစ်ပါတယ်။
သူက website ကနေ စာရေးပြီး တင်ပေးရတာမျိုးပါ။ သူ့ရဲ့ plugins ကို install လုပ်ပေးထားရင် ကိုယ့်ရဲ့ website မှာ စာရေးတဲ့အခါ စတီးမစ်မှာလည်း တစ်ခါတည်း ပေါ်လာတာပါ။ တစ်ခုတော့ ရှိပါတယ်။ ဆက်တင်မှာ အချိန်ကို သုညထားရပါမယ်။ ဒါမှသာ တစ်ခါတည်းဆိုသလို ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကလည်း စတီးမစ်ရဲ့ စည်းမျဉ်းနဲ့ ကိုက်ညီအောင်ပါ။ တခြားမှာ တင်တဲ့ ပို့စ်တွေကို စတီးမစ်မှာ တင်ရင် ကော်ပီအဖြစ် သတ်မှတ်ပါတယ်။ ဒီစည်းမျဉ်းနဲ့ ကိုက်ညီအောင် ဖြစ်ပါတယ်။
အားသာချက်
@steempress နဲ့ ပို့စ်တင်မယ်ဆိုရင် ဘာတွေ အားသာမလဲ ?
- ကိုယ့်ရဲ့ ပို့စ်ကို ပိုပြီးဆွဲဆောင်မှုရှိအောင် စတီးမစ်မှာထက် ပြင်ဆင်နိုင်မယ်။
- ကိုယ့်ရဲ့ စာတွေချည်းပဲ သီးသန့်ရှိတဲ့ ဝက်ဘ်ဆိုက်တစ်ခု ရှိနေမယ်။
- ကိုယ့်စာတွေကို ပရိုမိုးရှင်းလုပ်လို့ ရမယ်။
- steempress က ပေးတဲ့ upvote ကို ရရှိမယ်။
အားနည်းချက်
အားသာချက်ရှိတယ်ဆိုရင် အားနည်းချက်ကလည်း ရှိပါတယ်။
- သှူ့ဆီကနေ ဗုတ်ရမယ်ဆိုပေမယ့် မကျိန်းသေပါဘူး။
- သူက curies ရဲ့ vote trail အတိုင်း လိုက်ပေးတယ်ဆိုတော့ အဲဒီဗုတ်ရနိုင်မယ့် ပို့စ်တွေကို တင်တာကသာ ပိုအဆင်ပြေပါမယ်။
- benefactor reward အနေနဲ့ 15% ကို ကိုယ့်ရဲ့ ရရှိတဲ့ ငွေထဲကနေ ဖြတ်ခံရမှာ ဖြစ်လို့ သူ့ဆီက ဗုတ်လုံးဝ မရဘူးဆိုရင် အဆင်မပြေနိုင်ပါဘူး။
- စာအရေးအသားကောင်းရင် ပေးတယ်ဆိုပေမယ့် အဲဒါက စတီးမစ်ရဲ့ မက်လုံးသာ ဖြစ်ပြီး တကယ်တမ်း အကောင်ကြီးသမားတွေက စာအရေးအသားကောင်းသူကို လိုက်ရှာပြီး ပေးတာ မဟုတ်ပါဘူး။ ဘုမှသာ လူမြင်ပြီး အခြားဗုတ်တွေ ရရှိတာ ထုံးစံလို ဖြစ်နေပါပြီ။ ဒါကြောင့် ဒါကို မျှော်လင့်လို့ မရနိုင်ပါဘူး။
Website တစ်ခု မရှိတာကကော အခက်အခဲဖြစ်စေလား ?
steempress နဲ့ ချိတ်ဆက်ဖို့ ဝက်ဘ်ဆိုက်လိုတယ်ဆိုပေမယ့် အဲဒါက အခက်အခဲမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်ဝက်ဘ်ဆိုက်မဆို လက်ခံတာကြောင့်ပါ။ အခမဲ့ဝက်ဘ်ဆိုက် တည်ဆောက်နည်းကို ကျွန်တော်မျှဝေပြီး ဖြစ်သလို တကယ်လို့ 5 steems ပေးပြီး ဝက်ဘ်ဆိုက်ဆောက်မယ်ဆိုရင်လည်း ဝန်ဆောင်မှုပေးတဲ့နေရာ ၄ နေရာ ရှိပါတယ်။
အဲဒါတွေကတော့ @xopus ,
@timeets.com ,
@vornix ,
@fuerza-hispana တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဝက်ဘ်ဆိုက်အတွက် စိတ်ပူစရာ မလိုအပ်ပါဘူး။
ဒါဆို ဘာက ပြဿနာလဲ ?
သိတဲ့အတိုင်းပဲ စတီးမစ်မှာ အဓိကပြဿနာကတော့ စာရေးကောင်းတိုင်း ဗုတ်မရတာပါ။ ကွာလတီရှိတဲ့စာတွေကို ဗုတ်ပေးတယ်ဆိုပေမယ့် ကိုယ်ဘယ်လောက်ကောင်းကောင်းဗုတ်မရနိုင်တာ ရှိပါတယ်။ စာရေးမကောင်းလည်း တခြားဘာသာစကားဖြစ်ပေမယ့်လည်း ဗုတ်ပေးချင် ပေးနေတာလည်း ရှိပါတယ်။ တကယ်လို့ သူ့ဆီကနေ ဗုတ် ပုံမှန်ရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ reward ကို ခွဲပေးသင့်ပေမယ့် ဗုတ်မရဘူးဆိုရင်တော့ ဘာကြောင့် သုံးတော့မှာလဲ။ အင်တာနက်ပြဿနာ၊ ဝက်ဘ်ဆိုက်ပြဿနာတွေကြောင့် ကိုယ့်ရဲ့ ပို့စ်က စတီးမစ်မှာ နောက်ကျပြီး ပေါ်နေရင် အလကားနေရင်း ကော်ပီပြဿနာတက်နိုင်ပါတယ်။ အခု မြင်တာကတော့ အခပေးဝက်ဆိုက်တွေကလည်း ဆာဗာကျနေတဲ့ ပြဿနာကိုယ်စီနဲ့ပါ။ အခပေးရပေမယ့်လည်း ကိုယ်က admin panel ကိုပဲ စီမံခန့်ခွဲနိုင်တာပါ။ C panel ကို မရနိုင်ပါဘူး။ ဒါဆို ကိုယ့်ဝက်ဘ်ဆိုက်တစ်ခုခုဖြစ်ရင် ကိုယ်ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ်လုပ်နိုင်တာက ပို့စ်တင်ရုံ ဝက်ဘ်ဆိုက်ကို အလှဆင်ရုံပဲ ရှိပါတယ်။
စမ်းသပ်မှု
အခု ဒါက ကျွန်တော်နောက်ဆုံးစမ်းသပ်တာပါ။ ဒီပို့စ်မှာ @steempress ကနေ ဗုတ် ရမလား မရဘူးလား ကြည့်ပါမယ်။ မရရင် ဆက်မသုံးတော့ပါဘူး။ အန္တရာယ်လည်း များပြီး အကျိုးမရှိတာကို ဆက်မလုပ်သင့်ပါဘူး။ စတီးမစ်မှာ တင်ပြီးမှ ကိုယ့်ရဲ့ ဝက်ဘ်ဆိုက်မှာ တင်လည်း ရတာပဲလေ။ ဘာကြောင့် အလကားနေရင်း ကိုယ့်ငွေကို ခွဲပေးနေမှာလဲ ...
MSC 176
Posted from my blog with SteemPress : https://kosawblog.xopus.io/?p=77