How to upvote worthly ပထမအပိုင်းမှာ ကိုယ့်ရဲ့ upvote ကို ဘယ်လို အသုံးချမလဲဆိုတဲ့အကြောင်း မိမိမှာရှိတဲ့ sp ပေါ် မူတည်ပြီး 100% voting weight နဲ့ ဘဲဥကွဲအောင် ဘယ်လောက်ပမာဏအထိ အကျခံနိုင်ကြောင်း ပြောပြပြီးပါပြီ ...
အခု ထပ်ပြီး ပြောမှာက ...
ဆိုတာပဲ ဖြစ်ပါတယ် ...
ထပ်မံ သတိပေးပါရစေ ...
အခုမျှဝေမယ့် နည်းလမ်းတွေက ကိုယ့်ရဲ့ sp အပေါ် အခြေခံပြီး ကိုယ်သုံးနေတဲ့ နည်းလမ်းဖြစ်တာကြောင့် ဈေးနှုန်းအတက်အကျရော မိမိမှာရှိတဲ့ sp အရရော ကွဲပြားမှုတွေ ရှိနိုင်ပါတယ် ... ကိုယ့်ပုံစံနဲ့ ကိုယ် အဆင်ပြေအောင် အသုံးချနိုင်ကြောင်း ကြိုတင်ပြောကြားပါရစေ ...
ပထမဆုံး ကျွန်တော့်ရဲ့ voting weight 50% မှာ STU 0.01 တက်အောင် vp ဘယ်လောက်အထိ အကျခံနိုင်လည်း စမ်းသပ်ပါတယ် ... ပုံပါအတိုင်းပဲ vp 58% အထိ အကျခံနိုင်ပါတယ် ...
ဒါဆို voting weight 60 နဲ့ဆိုရင်ရော ဘယ်လောက်အထိ vp အကျခံနိုင်မလဲ ... ပုံပါအတိုင်းပဲ vp 48% အထိ အကျခံနိုင်ပါတယ် ...
ဘာကြောင့် ကျွန်တော်တို့က voting weight ကို ချိန်သင့်ပါသလဲ ... ပထမအပိုင်းမှာ ပြောသလို ပိုပြီး upvote ပေးနိုင်အောင်လို့ ဆိုရမယ် ... တကယ်လို့ voting weight 100% နဲ့ ဗုတ်ရင် 2% vp လျော့မယ်ဆိုရင် 50% နဲ့ပဲ ဗုတ်မယ်ဆိုရင် 1% ပဲ vp လျော့တော့မယ် ... ဒီတော့ လူအတော်များများကို ဗုတ်ပေးနိုင်ပြီ ...
ဟုတ်ပါပြီ ... ကိုယ့် upvote ကို ကိုယ် တွက်တတ်ပြီဆိုရင် တွက်ပြီးတဲ့ ပမာဏနဲ့ ရအောင် ဘယ်လို upvote ပေးမလဲ ...
ကျွန်တော်ကတော့ busy.org ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ် ... သူ့ရဲ့ setting ကနေ ဝင်ရောက်ပြီး ကိုယ်ထားချင်တဲ့ voting weight ကို ထားနိုင်ပါတယ် ...
ပထမဆုံး busy ကို steemconnect ကနေ log in ဝင်လိုက်ပါ ...
ပြီးတဲ့အခါ အောက်ပါပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်နာမည်ဘေးနားက မျှားလေးကို နှိပ်လိုက်ပါ ...
ပြီးရင် setting ကို ဝင်ပါ ...
voting percent ကို ကိုယ်ထားချင်တဲ့ နေရာမှာ ထားပါ
ဒီအဆင့်ဆိုရင် percentage ချိန်တာ ပြီးပါပြီ ... ဒါပေမဲ့ upvote ပေးချင်ရင်တော့ busy ကနေ ပေးဖို့ သတိထားပေးပါ ... အလွယ်ဆုံးနည်းကတော့ ကိုယ် upvote လုပ်ချင်သူကို busy က search bar မှာ ရှာပြီး သူ့ post ကို ဗုတ်ပေးတာပါ ... ကိုယ်ချိန်ထားတဲ့ percentage အတိုင်း ဗုတ်ပေးပါတယ် ... STU တက်မတက်ဆိုတာလည်း ဗုတ်တိုင်း စစ်ဆေးပြီး မတက်ရင် steemnow မှာ ပြန်တွက်ပြီး percentage ပြန်ပြောင်းပေးရပါမယ် ... vp ကျတာရော ဈေးအပြောင်းအလဲရှိတာရောကြောင့် ကိုယ်ချိန်ထားတဲ့ ပမာဏကို ပုံသေသတ်မှတ်လို့ မရပါဘူး ...
အားလုံးပဲ တစ်စုံတစ်ရာ အသုံးဝင်နိုင်ကြပါစေ ...