Guide for newbies ( Myanmar )

Words
706
Reading
4 min
Listen
Play
8y


မင်္ဂလာပါ မြန်မာစတီးမစ်မိတ်ဆွေတို့

MSC ရဲ့ admin တစ်ဦးဖြစ်သူ thatkozaw@thatkozaw က စတီးမစ်မှာ အရေးကြီးတဲ့အချက်တွေကို post တိုင်း ထည့်ရေးဖို့ တိုက်တွန်းနေတာ ကြာပါပြီ။ ကျွန်တော့်ဘက်ကနေ နှောင့်နှေးနေခဲ့တာပါ။ လေလောဆယ် Tips တွေကို ထည့်မရေးခင်မှာ newbies တွေအတွက် အကျိုးရှိအောင် ဘယ်လို လုပ်မလဲ စဉ်းစားခဲ့ပါတယ်။ newbies တွေအနေနဲ့ ကျွန်တော်ရေးသမျှ post တိုင်းကို လိုက်ဖတ်နေလို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် စာရေးသူအနေနဲ့ သူတို့ သိသင့်တာတွေကို မှတ်စုထုတ်ပြီး ပြန်လည် စီစဉ်လိုက်ပါတယ်။


newbies တွေအတွက် အရေးအကြီးဆုံးက introduction ပါ။ မိတ်ဆက်တာ ကောင်းလေ ... အစခရီးလမ်းမှာ ပိုပြီး အဆင်ပြေချောမွေ့လေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ မိတ်ဆက်စာကို ဘယ်လိုရေးရမလဲဆိုတာ အောက်ပါ link ကို နှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



အကယ်၍ ကျွန်တော်ရေးသားထားတဲ့ နမူနာကို ဖတ်ရှုချင်ရင်တော့ အောက်ပါ post ကနေ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



ဟုတ်ကဲ့ ... စတီးမစ်အကောင့်ကို ဖွင့်လိုက်ပြီ ... introduction ကိုလည်း ပုံစံတကျရေးပြီးပြီ ... အဲဒီအခါမှာ စတီးမစ်အကြောင်း သိသင့်တာလေးတွေ ရှိလာပါပြီ။ အခြေခံအနေနဲ့ သိသင့်သိထိုက်တာကို အောက်ပါ link များကို နှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



VP, SP, RP ဆိုတာ ဘာလဲ သိသွားပြီဆိုရင် နောက်ထပ် သိသင့်တဲ့ bandwidth အကြောင်းကို အောက်ပါ post link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။



Content များကို ရေးရာတွင် စတီးမစ်က သတ်မှတ်ထားသော markdown style များကို သုံးပြီး မိမိ၏ post ကို မည်သို့မည်ပုံ လှပအောင် ပြင်ဆင်နိုင်ကြောင်းကိုလည်း အောက်ပါ link များကို နှိပ်ပြီး ၀င်ရောက်လေ့လာနိုင်ပါတယ်။



ထို့အပြင် newbies များအတွက် သိသင့်တဲ့ tips & tricks များကိုလည်း အောက်ပါ post link များကို နှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



စာအရေးအသားပိုင်း အကြံပေးချက်များကို ရေးသားအပြီးမှာတော့ စာနဲ့လိုက်ဖက်တဲ့ ပုံများကို ဘယ်လိုများ ရယူအသုံးပြုမလဲ၊ free image တွေကို ဘယ်မှာ ရှာဖွေနိုင်လဲ၊ အကယ်၍ image ကတော့ ရှိနေပြီး source ကို မမှတ်ထားမိရင် ဘယ်လို ပြန်ရှာရမလဲ၊ markdown style ကို မသုံးဘဲ link သပ်သပ်ချပြီး image credit ပေးတဲ့အခါ မိမိရဲ့ source link က အရမ်းရှည်နေရင် တိုတောင်းအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို အောက်ပါ link များကို နှိပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။



စတီးမစ်မှာ သိသင့်တာတွေ လုပ်သင့်တာတွေကို ပြောပြအပြီးမှာ ဘာတွေကို မလုပ်သင့်ဘူးလဲဆိုတာလည်း သိထားသင့်ပါတယ်။ ဒါကြောင့် အောက်ပါ link များကို နှိပ်ပြီး မဖြစ်မနေ ဖတ်ရှုဖို့ အကြံပြုပါရစေ ...



ထို့ပြင် သတိပေးချင်တာတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ မိမိရဲ့ password ကို ထိန်းသိမ်းထားဖို့ပါ။ password အခိုးခံရတာတွေကို ရံဖန်ရံခါ ကြားမိပါတယ်။ အခိုးခံရမှ နောက်ကနေ လိုက်ပြီး ဖြေရှင်းတာထက် အခိုးမခံရအောင် ထိန်းသိမ်းတာက ပိုပြီးသင့်တော်ပါတယ် ... ဒါကြောင့် မိမိ၏ password အခိုးမခံရအောင် ဘယ်လို လုပ်သင့်လဲဆိုတာ အောက်ပါ link ကို နှီပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



Password အခိုးမခံရအောင်တော့ ကြိုးစားပါတယ် ... အမှတ်တမဲ့အမှားကနေ အခိုးခံရတာများရှိခဲ့ရင် ဘယ်လို လုပ်မလဲ ? အဲဒါကို သိချင်ရင်တော့ အောက်ပါ link ကို နှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



ဒီနေရာမှာ စာရေးတာတော့ ဟုတ်ပါပြီ ... မိမိရရှိတဲ့ upvotes အပေါ် မူတည်ပြီး စာမူခ ဘယ်လောက်ရသလဲဆိုတာ ဘယ်လိုသိရမလဲလို့ မေးစရာ ရှိလာပါတယ် ... စာမူခ ( Author reward ) ဘယ်လောက်ရသလဲဆိုတာ တွက်ချက်ပုံ တွက်ချက်နည်းများ ရှိသော်လည်း အလွယ်ကူဆုံး စစ်ဆေးနိုင်တဲ့ နည်းလမ်းကိုသာ ဖော်ပြလိုက်ရပါတယ် ... အောက်ပါ post link ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။



ထပ်မံသိသင့်သည်မှာ စတီးမစ်မှာ စာရေးတာကပဲ ငွေဝင်တာ မဟုတ်ပါဘူးဆိုတာပါ။

  • အခြား post များကို upvote ပေးခြင်းဖြင့်လည်း curation reward ရရှိနိုင်ပါတယ် ...

  • သူတစ်ပါး၏ post များမှာ comment ကောင်းကောင်း ရေးပေးခြင်းဖြင့်လည်း အဆိုပါ post ပိုင်ရှင် သဘောကျပါက comment vote ကို ရရှိနိုင်ပါတယ်။

  • ကျွဲကူးရေပါ သဘောတရားအရ အဆိုပါ လုပ်ဆောင်မှုက မိမိ၏ reputation ကို တိုးတက်အောင် အထောက်အပံ့ပေးပါတယ်။

ဒါကြောင့် post တင်ရုံဖြင့်သာ မိမိအနေအထားကို ကျေနပ်မနေဘဲ အခြားသူများ ရေးသားထားသည့်စာများကို လိုက်လံဖတ်ရှုခြင်း၊ upvote ပေးခြင်း၊ comment ပေးခြင်းများ ပြုလုပ်သင့်ပါတယ်။

Upvote ပေးခြင်းကနေ ရရှိတဲ့ curation reward ကို စစ်ဆေးပုံ စစ်ဆေးနည်းအကြောင်း သိရှိအောင် အောက်ပါ link ကနေ ၀င်ရောက် ဖတ်ရှုလေ့လာနိုင်ပါတယ် ...



မိမိမှာ အချိန်မအားဘူး ... စာတစ်ပုဒ်ချင်းကို လိုက်လံဗုတ်မပေးနိုင်ဘူး ဆိုသူများအတွက်လည်း Auto curation reward ရရှိအောင် ဘယ်လိုလုပ်သင့်ကြောင်း အောက်ပါ post မှာ ရေးသားထားပါတယ်။



ဒီလောက်ဆိုရင် newbies တွေအနေနဲ့ စတီးမစ်မှာ အခက်အခဲမရှိ လျှောက်လှမ်းနိုင်ပြီလို့ ယူဆပါတယ်။ နောက်ဆုံးအနေနှင့် ...

မိမိအရေးအသားကတော့ ကောင်းပါတယ်။ အားပေးမယ့်သူမရှိဘဲ upvote လည်း အရမ်းမတက်ဘူးဆိုတဲ့ newbies တွေအတွက်လည်း အောက်ပါ နေရာတွင် တစ်ရက်ခြား ကျင်းပတဲ့ writing contest မှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ winner အဖြစ် ထိုက်တန်သည့် ဆုလာဘ်ကို ရရှိနိုင်ကြောင်း နောက်ဆုံးအနေနဲ့ သတင်းကောင်းပါးလိုက်ပါရစေ ...

https://steemit.com/@steempowergroup1


မြန်မာ newbies များ စတီးမစ်မှာ အောင်မြင်နိုင်ကြပါစေ ...


DSCN1499.jpg


sawlwin@sawlwin

MSC - 176

Guide for newbies ( Myanmar ) | Ecency