နွေ ရွက်ဝါ

sanwin(37)
Published in
#busy
Words
22
Reading
1 min
Listen
Play
8y

ခုလို နွေဦးပေါက်

အသစ်စက်စက်လက်ထဲက

သွေးပျက်နေတဲ့ ရွက်ဝါတွေဟာ

ကဝေဆန်တဲ့လေပွေထဲမှာ

တလွင့်လွင့်

အမှန်တကယ်တော့

ကြိုးပဲ့ခဲ့တဲ့ ကိုယ့်ဒါဏ်ရာကိုယ်မေ့ပြီး

သွေ့ခြောက်နေတဲ့မြေပြင်ကို

အနံ့ခံဖို့ အရသာမြည်းစမ်းကြည့်ဖို့

နွေလေရူးမှာ

အလွန်အကြူးယစ်မူးခဲ့

သေချာတယ်

ရွက်ဝါတွေရဲ့ သွေးမဲ့ဒါဏ်ရာဟာ

တစ်နွေလုံးကြွေ တစ်မြေလုံးအနှံ့

ဝါဖန့်နေခဲ့
sanwin@sanwin

နွေ ရွက်ဝါ | Ecency