သောကြာ

Words
100
Reading
1 min
8y
Listen to this post
~1 min

![image](https://img.esteem.ws/wgntqd12iv.j

2018
သောကြာ နေ့ သားသမီး အတွက် တစ်နှစ်စာ ဟောစာတမ်း

သင်ဟာ ဒီအသက်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။
စက်တွေ စိန်တွေလည်း ဝင်တတ်တယ်။
မိမိမျှော်လင့် မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။
ခါတိုင်းနှစ်နဲ့ မတူပါ။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မည်။ ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မယ်။ ငွေတွေကလည်း ဝင်လာမှာ တသောသောပါပဲ။ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမည့်နှစ်ပါပဲ။
ရာထူးကြီးတွေ မြင့်တက်သွားမယ်။ အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေလည်း ရလိမ့်မယ်။
မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရတတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်သူဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။
မိတ်ဆွေ . . . ဒီနှစ်ကတော့ သင့်အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ပါပဲ ခရီးဝေး၊ ခရီးနီး နှစ်မျိုးစလုံး ပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။ ရာထူးတွေလည်း တိုးလိမ့်မယ်။
ဆုံးမလိုဖြစ်နေသော ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊၊ အဝတ်အစားကောင်းတွေလည်း ဝင်လာလိမ့်မယ်။
မတွေ့တာကြာပြီဖြစ်သော မိတ်ဆွေများနှင့်ပြန်လည်တွေ့ဆုံရတတ်ပါတယ်။

ယတြာ

အလွန်ကောင်းတဲ့နှစ်ပါပဲ မိတ်ဆွေ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက် ယတြာချေဖို့ လိုလိမ့်မယ်။
ဒီနှစ်ဟာ မိတ်ဆွေအတွက် အလွန်ကို ပျော်ဖို့ကောင်းတဲ့နှစ်ပါပဲ။
အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။
မြန်မာပြည်တစ်ပတ် ဘုရားစုံလှည့်ဖူးလိုက်ပါဦး။
အင်္ဂါနေ့တိုင်း ဆီထမင်း (၅) ပွဲ ဘုရားမှာ လှူပါ။ အုန်းသီးမထည့်နဲ့နော်။
ကြာသပတေးနေ့တိုင်း မုန့်စိမ်းပေါင်း (၃) ပန်းကန် လှူပါ။ အုန်းသီးမထည့်နဲ့နော်။

သောကြာ | Ecency