အုံပုန်း

Words
41
Reading
1 min
Listen
Play
8y

image

သံယောဇဉ် ဆိုတာ
ဂျာမဏီလုပ် စက်ပစ္စည်းတစ်ခုလား
ခေတ်သစ် ပန်းချီကားလား
တစ်ခါတစ်ရံတော့ အရာရာဟာ လွဲချော်။
ဆေးထိုးမှားခဲ့တဲ့ ချစ်ခြင်းတရားအတွက်
ဖြေဆေးဟာ အလွမ်းတဲ့
မျှတမှု့မရှိတဲ့ ဒီရင်ကလှိုင်းကို
ဘယ်ပင်လယ်ကလာပြီး ရွှေတံဆိပ်ပေးမလဲ။
တိတ်တိတ်ကလေး မြတ်နိုးလိုက်
တိတ်တိတ်ကလေး မြင့်မြတ်လိုက်
ဒီလျှာပေါ်က စကားလုံးများ သတိ္တနည်းခဲ့။
ဘာမှပြောဖို့မရှိအောင် ငါ့မှာပြောစရာတွေများနေပြီ။
ပွင့်ပွင့်လင်းလင်း ချစ်စကားပြောဖို့
ငါ့မှာ ပြောစရာကမရှိ
သံယောဇဉ်ကို တမျှင်ချင်းဆွဲထုတ်ပေမယ့်
ကျောက်မအောင်တဲ့ ကျောက်သမားလို
တပွင့်မှ မခူးရတဲ့ အချစ်ပျက်သမားလေ။ ။
လူလင်း
Photo credit

အုံပုန်း | Ecency